မော်လမြိုင်၊ စက်တင်ဘာ ၃

မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာအနီးကို အာဏာသိမ်း စစ်ကောင်စီတပ်တွေ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ဟာ ကျုံလောင်းကျေးရွားအနီးမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်စပ်ကို ဘာကြောင့် ရောက်ရှိလာလဲဆိုတာ မသိရသေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ် မရသေးပါဘူး။

စစ်ကောင်စီတပ်တွေ ရောက်ရှိလာလို့ ဌာနေဒေသခံတွေက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ အာဏာသိမ်း စစ်တပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့ အနီးက ဂျပန်ရေတွင်း‌ကျေးရွာမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခတ်မှုတွေကြောင့် ဒေသခံရွာသား ရာနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ပုံစာအညွန်း- ၇‌၄ ကြိမ်‌မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ကျင်းပခဲ့စဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.