မော်လမြိုင် စက်တင်ဘာ (၃)

အာဏာသိမ်းစစ်ကောင်စီရဲ့ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်မှုကြောင့် မွန်ပြည်နယ်က ဌာနဆိုင်ရာတွေဟာ တစ်သျှူးဌက်ပျောစိုက်ဖို့ ပြင်ဆင်နေကြပါတယ်။

ဇွန်လ (၁၇) ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၁) မှာ စစ်ကောင်စီဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က “ပြည်သူလူထုမှ စျေးနှုန်းသက်သာပြီး အာဟာရပြည့်ဝသော ငှက်ပျောသီးဝယ်ယူစားသောက်နိုင်ရေးအတွက် ငှက်ပျောပင်စိုက်ပျိုးလိုပါက တစ်သျှုးဖီးကြမ်းငှက်ပျော နဲ့ တစ်သျှူးသီးမွှေးငှက်ပျောပင်များကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဝယ်ယူစိုက်ပျိုးရေး စီမံရမည်” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ဌာနဆိုင်ရာတွေအနေနဲ့ မဖြစ်မနေ တစ်သျှူးဌက်ပျောစိုက်ရမယ်လို့ ညွှန်ကြားချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“ဌာနဆိုင်ရာတွေမှာ ငှက်ပျောပင်စိုက်ရမယ့် ကိစ္စကို လုပ်နေကြတာက နည်းနည်းတော့ ကြာနေပြီး။ အဲ့ဒီ ငှက်ပျောပင်တွေကို စိုက်ပျိုးရေးဦးစီးဌာနမှာ တစ်ပင်ကို (၅၀၀) ကျပ်နှုန်းနဲ့ယူရတယ်။ ဌာနဆိုင်ရာအားလုံး စိုက်ပေးရတဲ့သဘောရှိပါတယ်” လို့မော်လမြိုင်မြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

စိုက်ပျိုးရမယ့် နည်းစနစ်နဲ့ပတ်သက်ပြီးတော့ စို​က်ပျိုးရေးဦးစီးဌာနက အခြားဌာနဆိုင်ရာတွေကို သင်တန်းပို့ချပေးနေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာတော့ တရုတ် တစ်သျှုးဌက်ပျော်စိုက်ပျိုးမှုကြောင့် သဘာဝပတ်ဝန်းကျင်းနှင့် မြေဆီလွှာတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.