September 3, 2021

မွန်ပြည်သစ် ထိန်းချုပ်နယ်စပ်မှာ စစ်ကောင်စီတပ် အင်အား ၅၀ နဲ့ စတင် တပ်စွဲ

မော်လမြိုင်၊ စက်တင်ဘာ ၃ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်စပ်ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာအနီးကို အာဏာသိမ်း စစ်ကောင်စီတပ်တွေ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီတပ် အင်အား ၅၀ ခန့်ဟာ ကျုံလောင်းကျေးရွားအနီးမှာ တပ်စွဲထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ…

ကိုဗစ်ကပ်ဘေး အစိုးရအဖွဲ့ ကိုင်တွယ်မှုကို ထိုင်းဝန်ကြီးချုပ် ခုခံကာကွယ် ပြောဆို

ဘန်ကောက်၊ စက်တင်ဘာ ၃ ကြာသပတေးနေ့က ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာက ကိုဗစ် ၁၉ ကပ်ဘေးနှင့် ကာကွယ်ဆေးမူဝါဒအပေါ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက်ပြီး ခုခံ ကာကွယ်ပြောဆိုခဲ့သည်။ လွန်ခဲ့သော လပေါင်း ၂၀ အတွင်း ကိုဗစ် ၁၉နှင့်အတူ ရှင်သန်နေထိုင်ခဲ့ရသော်လည်း ထိုင်းနိုင်ငံ၏ ကိုင်တွယ်မှုသည် ပျမ်းမျှအခြေအနေအထက်တွင် ရှိသည်ဟူ၍လည်း ဝန်ကြီးချုပ်က…

စစ်ကောင်စီရဲ့ ညွှန်ကြားမှုကြောင့် ဌာနဆိုင်ရာတွေ တစ်သျှူးဌက်ပျောစိုက်

မော်လမြိုင် စက်တင်ဘာ (၃) အာဏာသိမ်းစစ်ကောင်စီရဲ့ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်မှုကြောင့် မွန်ပြည်နယ်က ဌာနဆိုင်ရာတွေဟာ တစ်သျှူးဌက်ပျောစိုက်ဖို့ ပြင်ဆင်နေကြပါတယ်။ ဇွန်လ (၁၇) ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၁) မှာ စစ်ကောင်စီဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က “ပြည်သူလူထုမှ စျေးနှုန်းသက်သာပြီး အာဟာရပြည့်ဝသော ငှက်ပျောသီးဝယ်ယူစားသောက်နိုင်ရေးအတွက် ငှက်ပျောပင်စိုက်ပျိုးလိုပါက တစ်သျှုးဖီးကြမ်းငှက်ပျော နဲ့ တစ်သျှူးသီးမွှေးငှက်ပျောပင်များကို…

စစ်ကောင်စီတပ်နှင့်KNU တပ်မဟာ(၁)တို့ ကမမောင်း-ဝါးဘိုးတော ကားလမ်းအနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိ

ဘားအံ၊ စက်တင်ဘာ ၃ ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကမမောင်း-ဝါးဘိုးတောသွား ကားလမ်း လယ်တောကြီးမုဒ်ဝအနီးမှာ စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နှင့်KNU တပ်မဟာ(၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးမှုရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ ခမရ(၂၀၈)တပ်မှ နယ်မြေကျော်လှုပ်ရှားမှု လုပ်လာတာကြောင့် KNU တပ်မဟာ(၁) တပ်ရင်း(၁) လှည့်ကင်းအဖွဲ့နဲ့တိုးပြီး တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။…

ထောင်ဝင်စာပို့သူ သုံးဦးကို အကြောင်းမဲ့ စစ်ကောင်စီ ဖမ်းဆီး

ပေါင် ၊ စက်တင်ဘာ ၃ သထုံမြို့ စျေးမသွယ်အကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ သူငယ်ချင်းအား ထောင်ဝင်စာသွားပို့သူ(၃)ဦးကို စက်တင်ဘာလ တစ်ရက်နေ့မှာ စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးလိုက်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းမှာ ပေါင်ဒေသခံ ကိုလှိုင်ကြည်နှင့် သူ့အလုပ်သမား နှစ်ဦးဟာ သထုံ စျေးမသွယ်အကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ သူငယ်ချင်းဆီ ထောင်ဝင်စာ သွားတွေ့ခဲ့ပါတယ်။ အဲ့ဒီနောက် ညပိုင်းထိ…

သထုံမှာ မီးသဂြိုလ်စက်ပျက်တဲ့အထိ ကိုဗစ်အတည်ပြုလူနာတွေကို သဂြိုလ်ခဲ့ရ

သထုံ ၊ စက်တင်ဘာ ၂ ကိုဗစ် တတိယလှိုင်းမှာ သထုံမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့ပြီး သေဆုံးသူ အမြောက်အများ ရှိခဲ့လို့ မီးသဂြိုလ်စက်ပျက်တဲ့အထိ ကိုဗစ်အတည်ပြုလူနာတွေကို သဂြိုလ်ခဲ့ရပါတယ်။ သထုံမှာ ကိုဗစ်တတိယလှိုင်း စတင်တဲ့ ဇွန်လ ၂၇ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပြီးမှ သေဆုံးသူနှင့်သံသယလူနာ သေဆုံးသူ စုစုပေါင်း…

မွန်ပြည်နယ်က ဒေသဖွံ့ဖြိုးရေး စီမံကိန်း အားလုံးနီးပါး ရပ်ဆိုင်း

မော်လမြိုင် ၊ စက်တင်ဘာ ၃ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ နိုင်ငံခြားချေးငွေ အကူအညီနဲ့ ဆောင်ရွက်ရမယ့်ဒေသဖွံ့ဖြိုးရေးစီမံကိန်း အားလုံးနီးပါး ရပ်နားထားရတယ်လို့ စည်ပင်သာယာရေးဦးစီးဌာ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် နိုင်ငံခြား ချေးငွေဖြစ်တဲ့ ADBချေးငွေ၊ JICA ချေးငွေ တွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်း တွေကို ရပ်နားထားရတာပါ။ ရပ်နားထားတဲ့ စီမံကိန်း…