August 23, 2021

အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေသည့် ဗမာတိုင်းရင်းသားတို့နှင့် လက်တွဲပြီး အင်အားပေါင်းစုရန် နိုင်ဟံသာတိုက်တွန်း

မော်လမြိုင်၊ ဩဂုတ် ၂၂ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် ဗမာတိုင်းရင်းသားတို့နှင့်လည်း လက်တွဲပြီး အင်အားပေါင်းစုရန် ဒီကနေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။ အစိုးရစစ်တပ်သည် မဟာလူမျိုးကြီးဝါဒကို မြဲမြဲကိုင်စွဲထားပြီး တိုင်းရင်းသားများအပေါ်ဝါးမျိုလို၍ ၁၉၆၂ ခုနှစ်မှစ၍ အာဏာသိမ်းခဲ့ရာမှ ယနေ့တိုင် အာဏာကို လက်မလွှတ်နိုင်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။…

ပိုမိုကြီးထွားလာတဲ့ မှောင်ခိုငွေကြေး စျေးကွက်

အာဏာသိမ်း စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ဟာ မှောင်ခိုငွေကြေး စျေးကွက်တစ်ခု ဖန်တီးလိုက်တာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ငွေကြေးတာဝန်ခံမှုအပေါ် ချိုးဖျက်လိုက်တာလည်းဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကို ပြည်သူတစ်ရပ်လုံး အကြီးအကျယ် ခံစားခဲ့ရပါတယ်။ စစ်အုပ်စုရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ တရားဝင် အသုံးပြုနေတဲ့ ငွေကြေးကို မှောင်ခိုစျေးကွက်မှာ ရာခိုင်နှုန်းအမျိုးမျိုးနဲ့ လဲလှယ် သုံးစွဲလာရပါတယ်။…