August 21, 2021

NUG အစိုးရရဲ့ Radio အစီအစဉ်ကို နေ့စဉ် နားထောင်ပြီး အစီရင်ခံစာ တင်ပြကြဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ ဩဂုတ်၊ ၂၁ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ Radio အစီအစဉ် ထုတ်လွှင့်ချက် အားလုံးကို ဖမ်းယူနားထောင်ပြီး အစီရင်ခံတင်ပြပေးဖို့ အာဏာသိမ်း စစ်ကောင်စီက လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ NUG အစိုးရဟာ ပြည်သူလူထုနဲ့ အဆက်အသွယ် မပျက်အောင် ဩဂုတ် ၂၀ ရက်နေ့ကစပြီး နံနက် ၈ နာရီ တစ်ကြိမ်…

ဆိုင်ကယ်တက္ကစီ မောင်းသူတွေ တစ်နေ့ ဝင်ငွေ နှစ်ထောင်ကျပ်ပင် မရတော့

မော်လမြိုင်၊ ဩဂုတ် ၂၀ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ကြပ်တည်းမှုတွေနှင့်အတူ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အ​ခြေခံလုပ်သားတွေရဲ့ ဝင်ငွေတွေ လျော့ကျပြီး စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ မော်လမြိုင်မြို့မှာ အရပ်သားတွေ နေအိမ်ပြင်ပသွားလာရင် သက်ဆိုင်ရာက ခွင့်ပြုတဲ့ ကတ်ပြား ပါရမယ်လို့ စည်းကမ်းချမှတ်ထားပြီး ကတ်မပါရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ဒါ့အပြင် မြို့ပေါ်လမ်းမတွေမှာလည်း စစ်ဆေးရေးတွေ တင်းကြပ်လာတဲ့အတွက်…

မွန်ဝန်ကြီးချုပ် အကျဥ်းထောင်အတွင်းမှာ ကိုဗစ် ဖြစ်ပွားခဲ့ ၊ ဆေးကုသခွင့် မရ

မော်လမြိုင် ၊ ဩဂုတ် ၂၁ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အကျဥ်းထောင်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ဆေးကုသခွင့် မရခဲ့ဘူးလို့ အကျဥ်းထောင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအေးဇံဟာ မိမိဘာသာ ဆေးကုသမှုကို ပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြန်လည် သက်သာလာပြီးလို့ ဆိုပါတယ်။ “ဝန်ကြီးချုပ်…

KNU နဲ့ စစ်ကောင်စီတပ် ၄ ရက်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ဖြစ်ပွား

မော်လမြိုင်၊ သြဂုတ် ၂၁ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၁၇ ရက်နေ့ မှ ၂၀ ရက်နေ့ထိ ၄ ရက်အတွင်း တိုက်ပွဲအကြိမ် ၃၀ ဖြစ်ပွားခဲ့တယ်လို့ KNU သူးလေသတင်းစဉ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်…