သထုံ၊ သြဂုတ် ၂၀

သထုံမြို့နယ်မှာ ဩဂုတ် ဒုတိယအပတ်ကစပြီး ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာတယ်လို့ ကိုဗစ်အရေးကူညီနေသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

သထုံမြိုနယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကိုဗစ်လူနာ ၄၃၅ ဦးထိ တွေ့ရှိခဲ့တာ ဖြစ်ပြီး အခုလ ဩဂုတ် ၁၉ ရက်နေ့ထိ ကို‌ဗစ်အတည်ပြုလူနာ ၁၄၅ ဦးသာ ရောဂါကူးစက်ခံထားရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သထုံမြို့နယ်အတွင်းမှာ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းရော ၊ ကိုဗစ်လူနာသေဆုံးမှုနဲ့ သံသယလူနာသေဆုံးမှုပါ လျော့ကျလာတယ်လို့ ကိုဗစ် အရေးဆောင်ရွက်နေကြသူတွေက ဆိုပါတယ်။

“အခုရက်ပိုင်းမှာတော့ Positive လူနာတော်တော်လေးနည်းသွားတယ်လို့ပြောလို့ရတယ်” လို့ ကိုဗစ်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။

ဒါအပြင် ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာ သေဆုံးမှုနှုန်းလည်း သိသိသာသာကျဆင်းလာကြောင်း၊ အရင်က တစ်ရက် ၁၅ လောင်းလောက် သင်္ဂြိုဟ်နေခဲ့ရပေမယ့် အခု‌ေနာက်ပိုင်း တစ်ရက် ၃ လောင်း‌ေလာက်သာ သင်္ဂြိုဟ်ပေးရတော့တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်
Photo Credit – အဖြူရောင်နှလုံးသားလူမှုကူညီကယ်ဆယ်ရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.