August 20, 2021

သထုံမြို့နယ်မှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း လျော့ကျလာ

သထုံ၊ သြဂုတ် ၂၀ သထုံမြို့နယ်မှာ ဩဂုတ် ဒုတိယအပတ်ကစပြီး ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာတယ်လို့ ကိုဗစ်အရေးကူညီနေသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ သထုံမြိုနယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကိုဗစ်လူနာ ၄၃၅ ဦးထိ တွေ့ရှိခဲ့တာ ဖြစ်ပြီး အခုလ ဩဂုတ် ၁၉ ရက်နေ့ထိ ကို‌ဗစ်အတည်ပြုလူနာ ၁၄၅ ဦးသာ ရောဂါကူးစက်ခံထားရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့…

မွန်ပြည်နယ်တဝှမ်းမှာ စစ်ကောင်စီက လုံခြုံရေး ပိုမို တင်းကြပ်လာ

မော်လမြိုင်၊ ဩဂုတ် ၂၀ မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ် အများစုမှာ စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကို ပိုမိုတင်းကြပ်ပြီး ခပ်စိတ်စိတ် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဟာ အခုနောက်ပိုင်းမှာ ပျောက်ကြားစနစ်နဲ့ လှုပ်ရှားလာတော့မယ်လို့ ထုတ်ပြန်ပြီးနောက်မှာ စစ်​ကောင်စီက လုံခြုံရေးကိုအခုလို တင်းကြပ်ခဲ့တာပါ။ မော်လမြိုင်မြို့က မီးပွိုင့်တွေမှာ အရပ်ဝတ်တွေနဲ့ စစ်အုပ်စု ဘက်တော်သားတွေက…

မွန်က အကျဥ်းထောင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ အကျဥ်းသား (၁၀၀)ကျော် ရှိနေတယ်လို့ ရှေ့နေတွေ ပြော

မော်လမြိုင် ၊ သြဂုတ် (၂၀) မွန်ပြည်နယ်က အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၁၀၀)ကျော် ရှိနေပြီး အကျဥ်းသား (၂) ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးထံထားရသူတွေကို ကူညီနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။ ကိုဗစ်နှင့် သေဆုံးခဲ့တဲ့ အကျဥ်းသား(၂)ဦးဟာ မည်သူ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့ အကျဥ်းသားတွေကို…

ချောင်းဆုံမှာ ဝင်ထွက်သွားလာခွင့် စတင် ကန့်သတ်

မော်လမြိုင်၊ ဩဂုတ် ၂၀ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဝင်ထွက် သွားလာခွင့်ကို ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စတင် ကန့်သတ်ထားတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းဆုံမြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ ချောင်းဆုံမြို့နယ်အတွင်း လာရောက်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ…

ကျိုက်ထို ကင်းပွန်ချောင်းကျေးရွာက ရာအိမ်မှူး ပစ်သတ်ခံရ

ကျိုက်ထို ၊ သြဂုတ် ၁၉ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ကျိုက်ထို ကင်းပွန်ချောင်းကျေးရွာက ရာအိမ်မှူး သြဂုတ်လ (၁၈)ရက် မွန်းလွဲပိုင်းမှာ သေနတ်နှင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။ သေနတ်နှင့် ပစ်သတ်ခံရသူ ရာအိမ်မှူး ဦးဟန်ထွန်းဟာ နေအိမ်မှာရှိနေစဥ် သေနတ်သမား လေးဦးက ဆိုင်ကယ်နှင့် လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဦးဟန်ထွန်းဟာ…

မွန်က အကျဥ်းထောင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ အကျဥ်းသား (၁၀၀)ကျော် ရှိနေတယ်လို့ ရှေ့နေတွေ ပြော

မော်လမြိုင် ၊ သြဂုတ် (၁၉) မွန်ပြည်နယ်က အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၁၀၀)ကျော် ရှိနေပြီး အကျဥ်းသား (၂) ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးထံထားရသူတွေကို ကူညီနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။ ကိုဗစ်နှင့် သေဆုံးခဲ့တဲ့ အကျဥ်းသား(၂)ဦးဟာ မည်သူ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့ အကျဥ်းသားတွေကို…

စစ်ကောင်စီရဲ့ မအောင်မနေရ အောင်စာရင်းကို အသိအမှတ် မပြုဘူးလို့ မော်လမြိုင် တက္ကသိုလ်ကောင်စီ ကြေညာ

မော်လမြိုင် ၊ သြဂုတ် (၂၀) သြဂုတ်လ (၁၈)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မော်လမြိုင် တက္ကသိုလ်မှာ အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်ခိုင်းခဲ့တဲ့ အတန်းတွေရဲ့အောင်စာရင်းတွေကို အသိအမှတ် မပြုဘူးလို့ မနေ့ညပိုင်းမှာ မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဆိုပါ အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊…