April 19, 2021

ယခုနှစ် ဆားထွက်နှုန်း ထက်ဝက်ကျမည်ဟု ဆားတောင်သူတွေ သုံးသပ်

မော်လမြိုင် ၊ ဧပြီ(၁၉) ဆားထွက်ရာသီဖြစ်တဲ့ ဧပြီလအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိခဲ့တာကြောင့် ဆားထွက်နှုန်း ထက်ဝက်လျော့ကျနိုင်တယ်လို့ ဆားတောင်သူတွေက ခန့်မှန်းထားပါတယ်။ မွန်ပြည်နယ်ဟာ နှစ်စဉ် ဆား မက်ထရစ်တန်ချိန် သုံးသောင်းကျော် ထုတ်လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယ အများဆုံး ဆားထုတ်လုပ်တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဆားလုပ်ငန်းအပေါ် ထိခိုက်မှုတွေ…