ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ စိတ်ရင်းစေတနာအမှန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ မွန်ပြည်သစ်တိုက်တွန်း
မော်လမြိုင် ၊ နိုဝင်ဘာလ (၂၃) ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တပ်မတော် ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက စိတ်ရင်းစေတနာနဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး…