2020

မွန်ပြည်နယ်မဲစာရင်းမှာ လူဦးရေ (၆)သောင်းနီးပါး ဖယ်ရှားရန်လိုအပ်ဟု လဝက ဝန်ကြီး ဆို

မော်လမြိုင် ၊ ဩဂုတ် (၁၀) မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်းမှာ လူဦးရေ (၆)သောင်းနီးပါးကို ဖယ်ရှားရန် လိုအပ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ဆိုပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော် ရှိပါတယ်။ အာ့ဒီအထဲက မှတ်ပုံတင်ကွက်လပ်ဖြစ်နေသူ (၃) သိန်းကျော်ကို လဝကမှ…

သိန်းထောင်ချီတန်တဲ့ ငါးလှန်းစင်တွေ ပျက်စီးသွားလို့ ကုလားကုတ်ကျွန်းက ရေလုပ်ငန်းရှင်တွေ အခက်တွေ့

ရေး ၊ ဩဂုတ် (၁၀) ရေးမြို့နယ် ကုလားကုတ်ကျွန်း လေပြင်းတိုက်ခတ်မှုမှာ သိန်းထောင်ချီတန်တဲ့ ငါးလှန်းစင်တွေ ပျက်စီးသွားတာကြောင့် လုပ်ငန်းပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဩဂုတ်လ ၂ ရက်နေ့ကနေ၄ ရက်နေ့အထိ ကုလားကုတ်ကျွန်းမှာ လေပြင်းတိုက်ခတ်ခဲ့တဲ့အပြင် ပင်လယ်ရေလှိုင်းတွေပါ ရိုက်ခတ်ခဲ့တာကြောင့် ကျွန်းပေါ်က ငါးလှန်းစင် ၂၂ ခုနဲ့ နေအိမ်(၂၄) လုံး ပျက်စီးခဲ့တာပါ။…

မွန်ပြည်သစ်ထိန်းချုပ်ဧရိယာအတွင်း နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ စည်းရုံးခွင့်ပြုမည်

ရေး ၊ ဩဂုတ် (၉) မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာအတွင်းမှာ နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် အပြည့်အဝ ပေးသွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီဒေသက မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရွာပေါင်းတစ်ရာကျော်ရှိပြီး အိမ်ထောင်စု တစ်သောင်းခွဲကျော်နဲ့ လူဦးရေ ရှစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ မဲဆွယ်စည်းရုံးရေးကာလရောက်ရင်တော့…

မွန်ပြည်နယ်အောင်ချက် (၃၄.၇၁) ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ တတိယနေရာ ရရှိ

မော်လမြိုင် ၊ ဩဂုတ် (၉) ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မွန်ပြည်နယ်က အောင်ချက်ရာခိုင်နှုန်း(၃၄.၇၁) ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံရဲ့ တတိယနေရာကို ရရှိခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်မှ ကျောင်းသူကျောင်းသား သုံးသောင်းကျော်က ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး အောင်မြင်သူ တစ်သောင်းကျော် ရှိခဲ့ပါတယ်။ အောင်မြင်သူတွေထဲမှာ ၆ ဘာသာ ဂုဏ်ထူးရှင် (၂၄) ဦး ၊ ၅ ဘာသာ…

၂၀၂၀ရွေးကောက်ပွဲမှာ မွန်ပြည်နယ် အတွင်း ကိုယ်စားလှယ်လောင်း (၃၀၃)ဦး ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၈) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ဖို့ မွန်ပြည်နယ်မှာ တစ်သီးပုဂ္ဂလအပါအဝင် ပါတီ(၁၃)ခုက ကိုယ်စားလှယ်လောင်း (၃၀၃) ဦး အမည်စာရင်း တင်သွင်းခဲ့တယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားပါတီတွေအပြင် ပြည်မက ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သတ်မှတ်ကာလဖြစ်တဲ့…

မွန်ပြည်နယ်အတွင်း မဲစာရင်း မှားယွင်းလို့ ပြင်ဆင်ရန် တင်ပြသူ (၁၆၀၀၀) ကျော် ရှိ

မော်လမြိုင် ၊ ဩဂုတ် (၇) ပထမအကြိမ်ကပ်ထားကြေညာတဲ့ မဲစာရင်းမှာ ပုံစံအမျိုးမျိုးနဲ့ မှားယွင်းနေလို့ ပြင်ဆင်ပယ်ဖျက်ပေးဖို့ လျှောက်ထားသူ (၁၆၀၀၀) ကျော် ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ ဩဂုတ်လ (၆) ရက်နေ့အထိ မွန်ပြည်နယ်တစ်ဝှမ်းမှာ မဲစာရင်းလာကြည့်သူ တစ်သိန်းခုနှစ်သောင်းကျော် ရှိပြီး အမည်စာရင်း မပါလို့ ပုံစံ(၃) နဲ့ လျှောက်ထားသူ တစ်သောင်းကျော် ၊…

မွန်ပြည်နယ်အတွင်း NLD နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဟု မွန်ညီညွတ်ရေးပါတီ သုံးသပ်

မော်လမြိုင် ၊ ဇူလိုင် (၇) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း မြို့နယ်တွေမှာ NLD ပါတီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်လိုက်ပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ မွန်၊ ကရင်၊ တနင်္သာရီအပါအဝင် ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်လောင်း (၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုယှဉ်ပြိုင်ရာမှာတော့ ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ချောင်းဆုံက…

ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာ မဲပေးနိုင်အောင် စီစဉ်ပေးဖို့ တောင်းဆို

မော်လမြိုင် ၊ ဩဂုတ် (၆) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာမဲပေးနိုင်အောင် စီစဉ်ပေးဖို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက တောင်းဆိုလိုက်ပါတယ်။ ယခင်ရွေးကောက်ပွဲတွေမှာတော့ မဲရုံတွေမှာ မသန်စွမ်းတွေအတွက် လွယ်ကူချောမွေ့စွာ မဲပေးနိုင်အောင် မစီစဉ်ထားတာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မသန်စွမ်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ “ ကိုယ်အင်္ဂါ မသန်စွမ်းဆိုပါတော့ ဝှီးချဲနဲ့သွားရမယ် ။ ဝှီးချဲသွားမယ့်လမ်းတွေကို အဆင်ပြေအောင် မလုပ်ပေးထားဘူး။လှေကားထစ်ကအစ…

PPP ပါတီ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်မှာသာ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၆) ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party-PPP)အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်တစ်ခုတည်းမှာသာ ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဒုဥက္ကဌ-၄ ဖြစ်သူ ဒေါ်ငုဝါဝင်းက ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်အတွင်းက ပြည်နယ်တော်လွှတ်တော် (၁) (၂)အပါအဝင် ပြည်သူ့လွှတ်တော်နဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို ယှဉ်ပြိုင်သွားမယ်လို့…

ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း ကော့သောင်း မြို့မှာပါ မွန်ညီညွတ်ရေး ပါတီ ယှဉ်ပြိုင်မည်

မော်လမြိုင် ၊ ဩဂုတ် (၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မွန် ၊ ကရင် ၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဲ့ ရန်ကုန်တိုင်းက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း…