COVID-19 ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးရေး ဥပဒေတစ်ရပ် ဂျပန်နိုင်ငံပါလီမန်အတွင်း အတည်ပြု

မော်လမြိုင် ၊ ဒီဇင်ဘာ (၂)

အဆိုးရွားဆုံး ကူးစက်ရောဂါလှိုင်းထဲမှာ လက်ရှိအချိန်ထိတိုင် ရုန်းကန်နေရဆဲဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကို ရပ်တန်နိုင်ဖို့ အဓိက အစီအစဥ်တစ်ရပ်အနေနဲ့ ဗဟိုအစိုးရမှ အလုံးစုံ အကုန်ကျခံပြီး ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ် ဆေးထိုးနှံ့ပေးရေးနှင့်စပ်လျဥ်းသည့် ဥပဒေတစ်ရပ်ကို ဂျပန် ပါလီမန်က အတည်ပြု ပေးခဲ့ပါတယ်။

အင်အားကောင်းမွန်တဲ့ ဂျပန်အောက်လွှတ်တော်မှ ပြဌာန်းလိုက်တဲ့ အဆိုပါ ဥပဒေကို ဒီဇင်ဘာ ၂ ရက်နေ့ (ယနေ့မှာ) ဂျပန်အထက်လွှတ်တော်မှ အကျိုးသက်ရောက်မှုရှိစေရန် အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေး၊ လုပ်သားနှင့် လူမှုဖူလှုံရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ယခုဥပဒေအတည်ပြု ချက်အနဲ့အတူ ဒေသန္တရအစိုးရအဖွဲ့တွေအတွက် ရောဂါကာကွယ်ဆေးတွေကို ကိုင်တွယ်စီမံရမယ်ဆိုတဲ့ တာဝန်တစ်ရပ်ဟာ ပူးတွဲပါဝင်လာတာဖြစ်တယ်လို့ ပါရှိပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီဒီ ဆူဂါ က အစောပိုင်းတွေမှာ ကူးစက်ရောဂါဒဏ်ကို အဆိုးဝါဆုံး ခံထားရတဲ့ ဒေသတွေမှာရှိတဲ့ စားသောက်ဆိုင်နှင့်ဘားတွေကို ပိတ်ထားရန် ဖိအားပေးလုပ်ဆောင်မှုများ ရှိခဲ့တာ ကြောင့် အပြောင်းအလဲတွေဖြစ်ပေါ်လာတာဖြစ်ပြီး ဒေသန္တရစီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်လုပ်ဆောင်ထားတဲ့ ခရီးသွားလာရေးမက်လုံးပေးအစီအစဥ်ကိုလည်း ဆိုင်းငံ့ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံကြီး ခုနှစ်နိုင်ငံအနက် ဂျပန်နိုင်ငံ၏ သေဆုံးမှုနှုန်းမှာ အနိမ့်ဆုံးဖြစ်သော်လည်း ဧပြီနှင့်ဇွန် ကာလများမှာ တိုင်းပြည်စီးပွားရေးဟာ အဆိုးဝါဆုံးထိခိုက်ခဲ့ရတာလည်းဖြစ်ပါတယ်။

“တိုင်းပြည်၏ နိုင်ငံသားတွေ”ထဲက တစ်ဝက်ကို နောက်နှစ်အတွင်းမှာ လုံလောက်စွာ ထိုးနှံပေးနိုင်ရန် ကာကွယ်ဆေး ပမာဏကို လုံခြုံစိတ်ချနေရပြီးဖြစ်ကြောင်းနှင့် နိုင်ငံအတွင်းရှိနေတဲ့ နိုင်ငံခြားသားများကို တော့ အခမဲ့ ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက်ကိုတော့ လက်ရှိချိန်ထိ ရှင်းလင်းတဲ့ ဆုံးဖြတ်ချက် မရှိသေး ကြောင်း မစ္စတာ ဆူဂါက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ နေထိုင်ကြတဲ့ လူအများဟာ  ကိုဗစ်ကာကွယ်ဆေး ရရှိရန်အတွက် စိတ်အားထက်သန်မှုက အမြင့်ဆုံး ၇၃ ရာခိုင်နှုန်းရှိနေချိန်မှာ ဂျပန်လူမျိုးတွေက ၆၉ ရာခိုင်နှုန်းထိလောက်သာ ရှိတယ်လို့ အောက်တိုဘာလအတွင်းကောက်ခံခဲ့တဲ့ Ipsos စစ်တမ်းတွင် ဖော် ပြထားပြီး ကိန်းဂဏန်းများအရ ဂျပန်နိုင်ငံသားအားလုံးတော့ ကာကွယ်ဆေးရရှိရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု ရှိနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ 

၎င်းဥပဒေတွင် ကာကွယ်ဆေးထိုးခြင်းမှ ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့် ဆုံးရှုံးမှုတွေ အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား အစိုးရမှ လျော်ကြေးပေးရန် ခွင့်ပြုပေးထားပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံအနေနှင့် Morderna Inc မှ ကာကွယ်ဆေးရရှိ နိုင်ရန် စာချုပ် ချပ်ဆိုထားတာဖြစ်ပြီး Astrazeneca Plc နှင့် Pfizer Inc တို့နှင့် အခြေခံသဘောတူညီချက်များ ပြလုပ်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကပ်ကာလစတင်ကတည်းက ဗိုင်းရပ်စ်ကြောင့် ဂျပန်နိုင်ငံ၏ သေဆုံးမှုနှုန်းမှာ ၂၀၀၀ ဦးထိရှိပြီး အမေရိကန်တွင်တော့ တစ်နေ့လျှင် လူ ၁၅၀၀ ခန့်ထိ သေဆုံးမှုနှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

အောင်မျိုးမြတ်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.