December 2, 2020

COVID-19 ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးရေး ဥပဒေတစ်ရပ် ဂျပန်နိုင်ငံပါလီမန်အတွင်း အတည်ပြု

COVID-19 ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးရေး ဥပဒေတစ်ရပ် ဂျပန်နိုင်ငံပါလီမန်အတွင်း အတည်ပြု မော်လမြိုင် ၊ ဒီဇင်ဘာ (၂) အဆိုးရွားဆုံး ကူးစက်ရောဂါလှိုင်းထဲမှာ လက်ရှိအချိန်ထိတိုင် ရုန်းကန်နေရဆဲဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကို ရပ်တန်နိုင်ဖို့ အဓိက အစီအစဥ်တစ်ရပ်အနေနဲ့ ဗဟိုအစိုးရမှ အလုံးစုံ အကုန်ကျခံပြီး ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ် ဆေးထိုးနှံ့ပေးရေးနှင့်စပ်လျဥ်းသည့် ဥပဒေတစ်ရပ်ကို ဂျပန် ပါလီမန်က အတည်ပြု ပေးခဲ့ပါတယ်။…

ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ရာဘာတောင်သူတွေ တောင်းဆို

မော်လမြိုင် ၊ ဒီဇင်ဘာ (၂) လာမယ့် အစိုးရအသစ် သက်တမ်းမှာ ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ရာဘာတောင်သူတွေက တောင်းဆို လိုက်ပါတယ်။ မွန်ပြည်နယ်ဟာ ရာဘာစိုက်ဧက (၅)သိန်းကျော် ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် (၁) သိန်းကျော်ကို ထုတ်လုပ်နေတာပါ။ အခုအခါမှာတော့ ရာဘာစျေးကျလာတာနဲ့အတူ အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် ရာဘာ တောင်သူအများစုက လုပ်ငန်းတွေကို ရပ်နားထားရပါတယ်။ ဒါကြောင့်…

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို မွန်ပြည်နယ်မှာ ကန့်ကွက်သူ မရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေကို နိုဝင်ဘာလကုန်ပိုင်းထိ မွန်ပြည်နယ်မှာ ကန့်ကွက်သူမရှိဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ရွေးကောက်တင်မြောက်ခံရတဲ့ ကိုယ်စားလှယ် ဒါမှမဟုတ် ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်တဲ့ ကန်ကွက်စာတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲရလဒ်များ ကြေညာတဲ့နေ့မှစပြီး ၄၅ ရက်အတွင်း ကော်မရှင်ကို တင်သွင်းနိုင်တယ်လို့ ရွေးကောက်ပွဲနည်းဥပဒေမှာ ဖော်ပြထားပါတယ်။…