November 2020

၄၅ နေရာအတွက် အားပြိုင်ပွဲ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကျင်းပသည့် သုံးကြိမ်မြောက်အထွေထွေရွေးကောက်ပွဲက ပြီးဆုံးခဲ့ပြီဖြစ်သည်။ အထွေထွေရွေးကောက်ပွဲသတ်မှတ်ချက်အရ မွန်ပြည်နယ်က မဲဆန္ဒနယ်သတ်မှတ်ချက်တွင် (၄၅)နေရာရခဲ့သည်။ ပြည်သူ့လွှတ်တော်အတွက် (၁၀)နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၁၂)နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် (၂၀)နေရာအပြင် တိုင်းရင်းသားလူမျိုးရေးရာအတွက် (၃)နေရာ စုစုပေါင်း (၄၅)နေရာရွေးကောက်ခံပိုင်ခွင့်ရရှိခြင်းလည်းဖြစ်သည်။ မွန်ပြည်နယ်၏ ၄၅ နေရာအတွက် အားပြိုင်ပွဲကား အထွေထွေရွေးကောက်ပွဲတိုင်းတွင် အကြိတ်အနယ်ရှိခဲ့သည်။ ၂၀၁၀…

သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၄၀)နီးပါးရှိလာ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၄၀)နီးပါးရှိလာတယ်လို့ သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ သထုံမြို့နယ်အတွင်းမှာ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိလာပြီး အနံ့မရသူတွေက အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သထုံမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၀၀) ကျော်ရှိပြီး ထိတွေ့ခဲ့သူတွေက (၄၀၀)ကျော်…

ကော်မရှင်ရဲ့ လုပ်ဆောင်ချက် နှေးကွေးတာဟာ အနိုင်ရဖို့ အဓိက စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီ ပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၁၇) ရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်တွေ အချိန်မှီမရောက်တာဟာ အောင်နိုင်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၁၂) ဦး အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်မှာ ကိုဗစ်ကာလ…

သုံးပွင့်ဆိုင်အားပြိုင်လာနိုင်သည့် မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်းလား

မော်လမြိုင် ၊ နိုဝင်ဘာ (၁၆) ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရပေါ်ထွက်လာသော မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်းကား သုံးပွင့်ဆိုင်အားပြိုင်မည့်ပုံကို အခြေခံထားသော ပုံစံတစ်ခုပေါ်ထွက်လာခဲ့သည်။ ခုံနေရာ (၃၁)ခုံတွင် နေရာအများစုရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၇)ခုံ၊ ပေါင်းစည်းပြီး အင်ပြည့်အားပြည့်ဝင်ပြိုင်ကာ ခုံပိုမိုရလာခဲ့သော မွန်ညီညွတ်ရေးပါတီက (၆)ခုံနှင့် ဖွဲ့စည်းပုံအရ အလိုအလျောက်ပါဝင်ခွင့်ရထားသည့် တပ်မတော်သားကိုယ်စားလှယ် (၈)ခုတို့က လာမည့် ငါးနှစ်တာ မွန်ပြည်နယ်၏ ဉပဒေပြုရေးနှင့် အစိုးရအဖွဲ့ထိန်းကျောင်းရေးကို ဘယ်လိုပုံစံမျိုးနှင့်…

ကျိုက်ထီးရိုးတောင်ပေါ်မှာနေထိုင်သူ (၃၀၀၀)နီးပါး စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၆) ကျိုက်ထီးရိုးတောင်ပိတ်မှု (၈)လနီးပါး ကြာမြင့်လာတဲ့အတွက် တောင်ပေါ်မှာနေထိုင်သူ (၃၀၀၀)နီးပါး စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ တောင်ပေါ်နေထိုင်သူတွေက ပြောပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကိုတော့ နှစ်စဉ် သီးတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ကျင်းပလေ့ ရှိတာပါ။ လက်ရှိမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လခန့်က စပြီး ကျိုက်ထီးရိုးတောင်ကို ခေတ္တပိတ်ထားခဲ့ရာ ၈ လခန့်ကြာမြင့်ပြီး ဖြစ်ပါတယ်။ တောင်ပိတ်ထားလို့…

ရေးမြို့ အစွန်းအဖျားဒေသ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးဖို့ အနိုင်ရ ကိုယ်စားလှယ်တွေကို ဒေသခံတွေ တောင်းဆို

မော်လမြိုင် ၊ နိုဝင်ဘာ (၁၆) ရေးမြို့နယ် အစွန်အဖျားဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးဖို့ အနိုင်ရ ကိုယ်စားလှယ်တွေကို ဒေသခံ လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ရေးမြို့နယ်မဲဆန္ဒနယ်ကို မွန်ညီညွတ်ရေးပါတီကသာ နေရာပြည့် အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရေးမြို့ပေါ်တင် မကဘဲ အစွန်းအဖျား ဒေသရဲ့ ဖွံ့ဖြိုးရေးကိုပါ ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ လာမယ့်အစိုးရအသစ်သက်တမ်းမှာ…

အနံ့မရသူတွေ အမြန်ဆုံး အကြောင်းကြားဖို့ ကျန်းမာရေးဌာန တိုက်တွန်း

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) အနံ့မရသူတွေ နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံး အကြောင်းကြားဖို့ မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ယခုရက်ပိုင်းအတွင် မွန်ပြည်နယ်မှာ အနံ့မရသူတွေကို စစ်ဆေးရာမှတစ်ဆင့် covid-19 ပိုးတွေ့လူနာတွေကို ဆက်တိုက်တွေ့ရှိလာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အနံ့မရသူတွေက ကျန်းမာရေးဌာနကို အမြန်ဆုံး အကြောင်းကြားပြီး စစ်ဆေးမှု ခံယူဖို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတွေက…

တိုင်းရင်းသားပါတီတွေ ပူးပေါင်ပေးဖို့ NLD အိတ်ဖွင့်စာ ပေးပို့

မော်လမြိုင် ၊ နိုဝင်ဘာ (၁၃) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းစေရေးအတွက် တိုင်းရင်းသားပါတီတွေ ပူးပေါင်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုဝင်ဘာလ(၁၂)ရက်နေ့ ညပိုင်းမှာ အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားတာပါ။ တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေက NLDပါတီ ရဲ့ ရည်မှန်းချက်တွေနဲ့ တူညီကြတာမို့ အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ နိုဝင်ဘာလ (၁၂)ရက်နေ့…

မွန်က ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းတွေမှာ အမျိုးသမီး(၁၁) ဦး ပါဝင်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် မွန်ပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်လောင်းတွေမှာ အမျိုးသမီး (၁၂) ဦး ပါဝင်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ အပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုက ကိုယ်စားလှယ်လောင်း (၂၅၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး (၁၁) ဦးပါဝင်ပြီး NLD ပါတီက…

ပြည်ထောင်စုလွှတ်တော်အတွက် မွန်ညီညွတ်ရေးပါတီ (၅)နေရာ ရ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း (၁၂) ဦးအနိုင်ရပြီး ပြည်ထောင်စုလွှတ်တော်အတွက် (၅)နေရာ ရရှိခဲ့ပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီဒေသအပြင် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်ပြည်နယ်မှာ (၁၁) နေရာအထိ အနိုင်ရခဲ့ပြီး ကရင်ပြည်နယ်မှာတော့ (၁)နေရာ အနိုင်ရရှိခဲ့ပါတယ်။…