October 2020

မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး

မော်လမြိုင် ၊ အောက်တိုဘာ (၉) ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့အတူ စားဝတ်နေရေး အခက်အခဲတွေကြောင့် မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသက ပြည်သူတွေမှာ မဲစာရင်းကြည့်ဖို့နဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ စိတ်ပါဝင်စားမှုနည်းပါး နေကြတာပါ။ အဆိုပါ ဒေသခံတွေကို သက်ဆိုင်ရာ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု နည်းပါးတာကြောင့် ဒေသခံ လူမှုရေးအဖွဲ့တွေက ကို့အစီအစဉ်နဲ့ကို ရွေးကောက်ပွဲအသိပညာပေးမှုတွေ ဆောင်ရွက်နေရပါတယ်။ “ရပ်ကျေးကော်မရှင်ရုံးခွဲတွေမှာ ကပ်ထားပေမယ့်…

စည်ပင်စျေးမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရေးမြို့နယ်စည်ပင် တားမြစ်

မော်လမြိုင် ၊ အောက်တိုဘာ (၉) စည်ပင်သာယာစျေးတွေမှာ မဲဆွယ်စည်းရုံးတာတွေ မပြုလုပ်ဖို့ ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။ ရေးမြို့နယ် စည်ပင်စျေးက ရွှေဆိုင်တန်းက ဆိုင်တွေမှာ မွန်ညီညွတ်ရေးပါတီအလံတွေထောင်ပြီး သီးချင်းတွေ ဖွင့်ခဲ့တဲ့နောက်မှာ အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။ စည်ပင်ဈေးအတွင်းမှာ ပတ်ဝန်းကျင်နဲ့ ဈေးရောင်းဝယ်သူတွေအပေါ် အနှောင့်အယှက်ဖြစ်စေမယ့် ဆောင်းဘောက်အသံဆူညံစွာဖွင့်လှစ်ခြင်း၊ အော်ဟစ်သီဆိုကခုန်ခြင်းတွေအပြင် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရေးမြို့နယ်စည်ပင်က…

NLD အမှတ်အသားကို မဖွယ်မရာပြောလို့ ရပ်ကျေးအလုပ်အမှုဆောင်က ဒဏ်ငွေ(၁၀)သိန်း တောင်း

မော်လမြိုင် ၊ အောက်တိုဘာ (၉) အမျိုးသမီးတစ်ဦးက NLD ပါတီအမှတ်အသားပါတဲ့ နဖူးစည်းကို မဖွယ်မရာ ပြောဆိုခဲ့တာကြောင့် ပါတီရပ်ကျေး အလုပ်အမှုဆောင်က ဒဏ်ငွေ(၁၀) သိန်း တောင်းခံခဲ့ပါတယ်။ သထုံမြို့နယ် ကတိုက်ကြီးကျေးရွာမှာ အောက်တိုဘာလ ၄ ရက်နေ့က NLD ပါတီ ဝန်းရံသူတွေ လှည့်လည်ဖို့ လူစုနေစဉ် ဒေါ်ညွန်စိန်(ခေါ်)ဒေါ်မဲစိန်ရဲ့ မြေးတော်စပ်သူ အသက် ၁၁ နှစ်အရွယ်အမျိုးသမီးမှ…

ကျန်းမားရေးဆိုင်ရာ အခက်အခဲတွေကို ဆရာဝန်ကြီးများထံ ဖုန်းနှင့်အခမဲ့ ဆက်သွယ်မေးမြန်းနိုင်

မော်လမြိုင် ၊ အောက်တိုဘာ (၈) ကိုဗစ်ကာလ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးတွေကို တယ်လီဖုန်းနဲ့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်မယ့် အစီအစဉ်ကို မွန်ပြည်နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့က စတင် ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်ကိုတော့ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)နဲ့ အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့(မွန်ပြည်နယ်)တို့ ပူးပေါင်းပြီး ဆောက်ရွက်နေတာ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းတွေ ပိတ်ထားတဲ့ ဒေသနဲ့…

မွန်ညီညွတ်ရေးပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေကိုသာ မိတ်ဖွဲ့ထားတယ်လို့ဆို

မော်လမြိုင် ၊ အောက်တိုဘာ ၈ မွန်ညီညွတ်ရေးပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေကလွဲပြီး ဘယ်ပါတီကိုမှ မဟာမိတ်ဖွဲ့ထားတာမရှိဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ မွန်ညီညွတ်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲတစ်ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တချို့ကနေ တက်ရောက်နာထောင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြိုင်ဘက်ပါတီဝင်တချို့ကနေ ဝေဖန်တိုက်ခိုက်မှုတွေရှိနေတဲ့အပေါ် မွန်ညီညွတ်ရေးပါတီက အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။ “တိုင်းရင်းသားပါတီတွေကလွဲရင် အခြားသောဘယ်ပါတီကိုမှ မဟာမိတ်ဖွဲ့ထားတာ မရှိပါဘူး။ အခုလို ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးအားကောင်းနေချိန်မှာ အခြားသော ပြိုင်ဘက်ပါတီတွေက…

မွန်ပြည်နယ်ကို ဝင်ထွက်နေတဲ့ ကုန်ကားသမားတွေထဲက ကိုဗစ်အတည်ပြုလူနာ (၂၀)တွေ့ရှိ

မော်လမြိုင် ၊ အောက်တိုဘာ (၈) မွန်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းသူတွေဆီကနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၀) ဦးအထိရှိလာတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့က စပြီးတော့ မွန်ပြည်နယ်ဝင်မယ့် ကုန်ကားတွေကို ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားအဝင်အထွက်မှာ စစ်ဆေးနေတာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာမည့်ကုန်တင်ယာဉ်တွေကို ရေးမြို့နယ်အဝင်ဂိတ်နဲ့ ကရင်ပြည်နယ်ကနေ ဝင်ရောက်လာမည့်ယာဉ်‌တွေကို သထုံမြို့နယ်စစ်‌ရေးဂိတ်တွေမှာ ကိုဗစ် ၁၉…

မဲဆွယ်စည်းရုံးရေးမှာ ဝန်းရံလို့ရပေမယ့် ဖျော်ဖြေရေးမလုပ်ဖို့ သဘင်သည်တွေကို တားမြစ်

မော်လမြိုင် ၊ အောက်တိုဘာ (၇) မဲဆွယ်စည်းရုံးရေးမှာ သဘင်သည်တွေ ဝန်းရံလို့ရပေမယ့် လူစုလူဝေးဖြစ်အောင် ဖျော်ဖြေရေးတွေမလုပ်ဖို့ အစိုးရက တားမြစ်လိုက်တယ်လို့ မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲကာလမှာတော့ အနုပညာရှင်တွေဟာ မိမိဝန်းရံတဲ့ ပါတီရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ လိုက်ပါဖျော်ဖြေလေ့ ရှိပါတယ်။ မွန်ညီညွတ်ရေးပါတီရဲ့ ချောင်းဆုံမြို့နယ် မဲဆွယ်စည်းရုံးရေးတစ်ခုမှာ ဇတ်မင်းသားတစ်ဦးက ဖျော်ဖြေခဲ့လို့ လူစုလူဝေးဖြစ်ပြီးတဲ့နောက်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်က နှုတ်မိန့်နဲ့…

ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဆန္ဒမဲထွက်ပေးကြဖို့ မွန်အမျိုးသမီးကွန်ရက်တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ (၇) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဆန္ဒမဲထွက်ပေးကြဖို့ မွန်အမျိုးသမီးကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်က မဲပေးပိုင်ခွင့်ရှိသူ တစ်ဝက်ကသာ ဆန္ဒမဲ ပေးခဲ့ပါတယ်။ ဆန္ဒမဲမပေးသူတွေထဲမှာ အမျိုးသမီးတွေက အများဆုံးဖြစ်နေတာကြောင့် အခုလို တိုက်တွန်းနှိုးဆော်မှုတွေ လုပ်နေတာလို့ မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောပါတယ်။ “မဲစာရင်းမှာရှိတဲ့အမျိုးသမီးထဲမှာ…

NLD ပါတီရဲ့ မူဝါဒတွေကို ဗဟိုကသာ ပြောဆိုသွားမည်

မော်လမြိုင် ၊ အောက်တိုဘာ (၇) အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ(NLD)ရဲ့ မူဝါဒတွေကို ဗဟိုကသာ ပြောဆိုသွားမယ်လို့ nld ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ပါတီမူဝဒါတွေကို ကိုယ်စားလှယ်လောင်းတွေက ပြောဆိုရာမှာ ကွဲလွဲတာတွေ ရှိတဲ့အတွက် လိုက်လံရှင်းလင်းနေရလို့ ကိုယ်စားလှယ်လောင်းတွေကို ပြောဆိုခွင့် မပေးတော့ဘဲ ဗဟိုကသာ ပြောဆိုသွားတော့မယ်လို့ ဆိုပါတယ်။ “ မူဝါဒတွေကိုတော့ ဗဟိုကပဲ ရှင်းလင်းပြောကြားပါမယ်။ သူတို့ပြောဆိုတဲ့အခါ…

ဘီးလင်းမြို့နယ်၏ ကိုယ်စားလှယ်လောင်းများဆိုင်ရာဖော်ပြချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်အတွက် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီ (တိုင်းရင်းသားလူမျိုးရေးရာအပါအဝင်)၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(မရှိ) မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၄) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ဘီးလင်းမြို့နယ်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် လူငယ်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁) အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၃)ဦး၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)အတွက်…