October 30, 2020

ရွေးကောက်ပွဲနေ့မှာ မဲလာပေးသူတွေကို ကျန်းမာရေးပစ္စည်း အပြည့်အဝ ထောက်ပံ့မည်

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲလာပေးသူတွေကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို အပြည့်အဝထောက်ပံ့မယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ရွေးကောက်ပွဲနေ့အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကိုဗစ်ကာကွယ်ရေးဆိုရင် ဗဟိုကော်မတီမှလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ UEC က ပေးပို့လာတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေကို မြို့နယ်တွေကို ဖြန့်ဝေထားပြီး မြို့နယ်ကနေတဆင့် ရပ်ကျေးကော်မရှင်တွေကို…

ကြိုတင်မဲပေးရာမှာ ဥပဒေကို ကျော်လွန်ပြီး လုပ်နေတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြော

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) အသက်(၆၀)နှင့်အထက် ကြိုတင်မဲပေးတာတွေမှာ မဲရုံကော်မရှင်အဖွဲ့ဝင်တွေက ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တာတွေကို တွေ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာတွေကို အောက်တိုဘာလ(၂၉)ရက်နေ့တည်းက စတင် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ ဒီလို ကြိုတင်မဲရာမှာ မဲပေးရမယ့် ပါတီကို မဲရုံအဖွဲ့ဝင်တွေက ပြောဆိုတာတွေနဲ့ အသိအမှတ်ပြု ကတ်ပြားချိတ်ဆွဲထားတာတွေမရှိဘဲ မဲရုံအတွင်း ဝင်ထွက်သွားလာတာတွေ…

ရွေးကောက်ပွဲစောင့်ကြည့်သူ နည်းပါးတာကြောင့် တရားမမျှတမှု ဖြစ်မှာကို စိုးရိမ်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) မွန်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ နည်းပါးတာကြောင့် တရားမမျှတမှု ဖြစ်မှာကို စိုးရိမ်နေ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ နည်းပါးတာကြောင့် တရားမမျှတမှုတွေ ဖြစ်မှာကို စောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။ မွန်ပြည်နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ပြည်နယ်အဆင့် ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မြို့နယ်အဆင့်စောင့်ကြည့်တဲ့အဖွဲ့သာ လျှောက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် မွန်ပြည်နယ်မှာ…