October 29, 2020

ကြိုတင်မဲပေးတဲ့လုပ်ငန်းတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ အခက်တွေ့

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) ကြိုတင်မဲလာပေးသူတွေများတဲ့အတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)အထက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်မဲကို အောက်တိုဘာလ (၂၉)ရက်နေ့ကနေ နိုဝင်ဘာလ(၅)ရက်နေ့အထိ ပေးရမှာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ကြိုတင်မဲလာပေးသူ ရာနဲ့ချီ ရှိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး (၆)ပေအခြား မနေနိုင်တဲ့အပြင် နေပူထဲမှာ တန်းစီးစောင့်ရတာမျိုးတွေ…

ရပ်ကျေးကော်မရှင်ရုံးတွေမှာ အသက်(၆၀)နှင့်အထက် ကြိုတင်မဲလာပေးသူ များပြား

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲစတင်ပေးလို့ရတဲ့ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ဆန္ဒမဲလာပေးသူ အမြောက်အများ ရှိခဲ့ပါတယ်။ မွန်ပြည်နယ်တစ်ဝှမ်းမှာတော့ အသက် ၆၀နှင့်အထက် ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင် (၄)သိန်းကျော် ရှိပါတယ်။ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက မဲဆန္ဒရှင်တွေဆိုရင် နေအိမ်မှာပဲ ကြိုတင်မဲပေးရမှာဖြစ်ပြီး ကျန်မြို့နယ်က…