October 28, 2020

ပထမအကြိမ် မဲပေးမည့် လူငယ်တွေ စနစ်တကျ မဲပေးတတ်အောင် သင်တန်းပေး

မော်လမြိုင် ၊ အောက်တိုဘာ (၂၈) ပထမအကြိမ် မဲပေးမယ့်လူငယ်တွေကို စနစ်တကျ မဲပေးတတ်အောင် မွန်လူငယ်အဖွဲ့က ဦးဆောင်ပြီးတော့ ရေးမြို့နယ်မှာ သင်တန်းတွေ ပို့ချပေးနေပါတယ်။ ရေးမြို့နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၂)သိန်းကျော်ရှိပြီး အခုမှ စတင်မဲပေးမယ့် လူငယ် (၃)သောင်းကျော် ပါဝင်ပါတယ်။ ပထမအကြိမ် မဲပေးမယ့် လူငယ်တွေကို ပယ်မဲ မဖြစ်အောင် စနစ်တကျ မဲပေးနည်းတွေ ၊ ရွေးကောက်ပွဲဆိုင်ရာ…

မဲရုံမှူးတွေကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေအပြင် ကျန်းမာရေးဆိုင်ရာ သင်တန်းပါ ပေးမည်

မော်လမြိုင် ၊ အောက်တိုဘာ (၂၈) ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံမှူးတွေကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေအပြင် ကျန်းမာရေးဆိုင်ရာ သင်တန်းတွေကိုပါ ပို့ချသွားမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကော်ပွဲအတွက် တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်း (၁၅၀၀၀)ကျော်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ကိုဗစ်ကူးစက်ရောဂါကာလအတွင်းမှာ ကျင်းပရမှာဖြစ်တဲ့အတွက် မဲရုံတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ရေးဆိုင်ရာနဲ့…