October 15, 2020

Stay at home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ NLDနှင့် USDP မဲဆွယ်

မော်လမြိုင် ၊ အောက်တိုဘာ (၁၅) Stay at Home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ USDP နှင့် NLD ပါတီဝန်းရံသူတွေက လှည့်လည် အင်အားပြခဲ့ပါတယ်။ အောက်တိုဘာလ (၁၄)ရက်နေ့မှာ NLD ပါတီဝန်းရံသူတွေဟာ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ချို့ကို စီတန်းလှည့်လည် အင်အားပြခဲ့ပြီး အောက်တိုဘာလ (၁၅)ရက်နေ့မှာတော့ USDP ပါတီဝန်းရံသူတွေက…

ခိုင်လုံမဲနဲ့ ပယ်မဲခွဲတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေ တောင်းဆို

မော်လမြိုင် ၊ အောက်တိုဘာ (၁၅) မဲရုံမှူးတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ ခိုင်လုံမဲနဲ့ ပယ်မဲခွဲတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုဟာ အရှိန်အဟုန်မြင့်တက်နေပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲတွေကို ရေတွက်ပြီး ခိုင်လုံမဲနဲ့ပယ်မဲကို ဆုံဖြတ်ရာမှာ အင်အားကြီးပါတီတွေရဲ့ ငြင်းခုံမှုကြောင့် မဲရုံမှူးတွေရဲ့ ရပ်တည်ချက်…

မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို တောင်းဆို

မော်လမြိုင် ၊ အောက်တိုဘာ (၁၅) ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေနဲ့ အချက် ၇၀ ကျော်ပါဝင်တဲ့ မဲရုံပြင်ဆင်ခြင်းနဲ့ မဲရုံအတွင်းအပြင် လုပ်ဆောင်ရမယ့်အချက်တွေ၊ မဲရုံဝန်ထမ်းတွေနဲ့ လုပ်အားပေးသူတွေ၊ မဲလာပေးကြတဲ့သူတွေ လိုက်နာရမယ့်အချက်တွေအပါအဝင် COVID-19 ရောကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနဲ့အညီဆောင်ရွက်မယ့် ထုတ်ပြန်ချက်တစ်စောင်ကို ခုလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။…