October 12, 2020

လက်နက်ကိုင်ထိန်းချူပ်ဒေသက ပြည်သူတွေ ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရ

မော်လမြိုင် ၊ အောက်တိုဘာ (၁၂) တိုင်းရင်းသား လက်နက်ကိုင်ထိန်းချူပ်ဒေသက ပြည်သူတွေဟာ ၂၀၂၀အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာလ (၈)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်လူ့အခွင့်​အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ရေးချောင်းဖျားက မွန်ပြည်သစ်ထိန်းချုပ်ဒေသမှာ လူဦးရေ (၁၈၀၀၀၀) ဝန်းကျင် ရှိပါတယ်။ အာ့ဒီဒေသက လူဦးရေ (၄)သောင်းကျော်ကတော့…

အစိုးရဖွဲ့နိုင်ရင် တိုင်းရင်းသားအခွင့်အရေး အပြည့်အဝပေးမယ်လို့ UBPပါတီပြော

မော်လမြိုင် ၊ အောက်တိုဘာ (၁၂) အစိုးရဖွဲ့နိုင်ရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ပေးမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ပါတီခေါင်းဆောင်ကိုယ်တိုင်က သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူမှုရေးအရရော၊ မူဝါဒပိုင်းရော အလွတ်သဘောဆွေးနွေးထားတာရှိပြီး လာမယ့်ရွေးကောက်ပွဲမှာတော့ အစိုးရဖွဲ့နိုင်တဲ့အထိ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ပြီး အစိုးရဖွဲ့ရရင်တော့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝပေးသွားမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ…

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မွန်ပြည်နယ်အစိုးရ ငွေကျပ် (၁.၅) ဘီလီယံကျော် သုံးစွဲခဲ့

မော်လမြိုင် ၊ အောက်တိုဘာ (၁၂) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် ငွေကျပ် (၁.၅)ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လကစတင်ပြီး ယခုအချိန်အထိ CBFQ စခန်းဖွင့်လှစ်တာတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေ၊ ကျန်းမာရေးအထောက်အကူပစ္စည်း ဝယ်ယူတာတွေ၊ CBFQ စခန်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူတာတွေ၊ Hospital…