October 9, 2020

မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး

မော်လမြိုင် ၊ အောက်တိုဘာ (၉) ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့အတူ စားဝတ်နေရေး အခက်အခဲတွေကြောင့် မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသက ပြည်သူတွေမှာ မဲစာရင်းကြည့်ဖို့နဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ စိတ်ပါဝင်စားမှုနည်းပါး နေကြတာပါ။ အဆိုပါ ဒေသခံတွေကို သက်ဆိုင်ရာ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု နည်းပါးတာကြောင့် ဒေသခံ လူမှုရေးအဖွဲ့တွေက ကို့အစီအစဉ်နဲ့ကို ရွေးကောက်ပွဲအသိပညာပေးမှုတွေ ဆောင်ရွက်နေရပါတယ်။ “ရပ်ကျေးကော်မရှင်ရုံးခွဲတွေမှာ ကပ်ထားပေမယ့်…

စည်ပင်စျေးမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရေးမြို့နယ်စည်ပင် တားမြစ်

မော်လမြိုင် ၊ အောက်တိုဘာ (၉) စည်ပင်သာယာစျေးတွေမှာ မဲဆွယ်စည်းရုံးတာတွေ မပြုလုပ်ဖို့ ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။ ရေးမြို့နယ် စည်ပင်စျေးက ရွှေဆိုင်တန်းက ဆိုင်တွေမှာ မွန်ညီညွတ်ရေးပါတီအလံတွေထောင်ပြီး သီးချင်းတွေ ဖွင့်ခဲ့တဲ့နောက်မှာ အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။ စည်ပင်ဈေးအတွင်းမှာ ပတ်ဝန်းကျင်နဲ့ ဈေးရောင်းဝယ်သူတွေအပေါ် အနှောင့်အယှက်ဖြစ်စေမယ့် ဆောင်းဘောက်အသံဆူညံစွာဖွင့်လှစ်ခြင်း၊ အော်ဟစ်သီဆိုကခုန်ခြင်းတွေအပြင် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရေးမြို့နယ်စည်ပင်က…

NLD အမှတ်အသားကို မဖွယ်မရာပြောလို့ ရပ်ကျေးအလုပ်အမှုဆောင်က ဒဏ်ငွေ(၁၀)သိန်း တောင်း

မော်လမြိုင် ၊ အောက်တိုဘာ (၉) အမျိုးသမီးတစ်ဦးက NLD ပါတီအမှတ်အသားပါတဲ့ နဖူးစည်းကို မဖွယ်မရာ ပြောဆိုခဲ့တာကြောင့် ပါတီရပ်ကျေး အလုပ်အမှုဆောင်က ဒဏ်ငွေ(၁၀) သိန်း တောင်းခံခဲ့ပါတယ်။ သထုံမြို့နယ် ကတိုက်ကြီးကျေးရွာမှာ အောက်တိုဘာလ ၄ ရက်နေ့က NLD ပါတီ ဝန်းရံသူတွေ လှည့်လည်ဖို့ လူစုနေစဉ် ဒေါ်ညွန်စိန်(ခေါ်)ဒေါ်မဲစိန်ရဲ့ မြေးတော်စပ်သူ အသက် ၁၁ နှစ်အရွယ်အမျိုးသမီးမှ…