October 8, 2020

ကျန်းမားရေးဆိုင်ရာ အခက်အခဲတွေကို ဆရာဝန်ကြီးများထံ ဖုန်းနှင့်အခမဲ့ ဆက်သွယ်မေးမြန်းနိုင်

မော်လမြိုင် ၊ အောက်တိုဘာ (၈) ကိုဗစ်ကာလ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးတွေကို တယ်လီဖုန်းနဲ့ အခမဲ့ ဆက်သွယ်မေးမြန်းနိုင်မယ့် အစီအစဉ်ကို မွန်ပြည်နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့က စတင် ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်ကိုတော့ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)နဲ့ အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့(မွန်ပြည်နယ်)တို့ ပူးပေါင်းပြီး ဆောက်ရွက်နေတာ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းတွေ ပိတ်ထားတဲ့ ဒေသနဲ့…

မွန်ညီညွတ်ရေးပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေကိုသာ မိတ်ဖွဲ့ထားတယ်လို့ဆို

မော်လမြိုင် ၊ အောက်တိုဘာ ၈ မွန်ညီညွတ်ရေးပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေကလွဲပြီး ဘယ်ပါတီကိုမှ မဟာမိတ်ဖွဲ့ထားတာမရှိဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ မွန်ညီညွတ်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲတစ်ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တချို့ကနေ တက်ရောက်နာထောင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြိုင်ဘက်ပါတီဝင်တချို့ကနေ ဝေဖန်တိုက်ခိုက်မှုတွေရှိနေတဲ့အပေါ် မွန်ညီညွတ်ရေးပါတီက အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။ “တိုင်းရင်းသားပါတီတွေကလွဲရင် အခြားသောဘယ်ပါတီကိုမှ မဟာမိတ်ဖွဲ့ထားတာ မရှိပါဘူး။ အခုလို ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးအားကောင်းနေချိန်မှာ အခြားသော ပြိုင်ဘက်ပါတီတွေက…

မွန်ပြည်နယ်ကို ဝင်ထွက်နေတဲ့ ကုန်ကားသမားတွေထဲက ကိုဗစ်အတည်ပြုလူနာ (၂၀)တွေ့ရှိ

မော်လမြိုင် ၊ အောက်တိုဘာ (၈) မွန်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းသူတွေဆီကနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၀) ဦးအထိရှိလာတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့က စပြီးတော့ မွန်ပြည်နယ်ဝင်မယ့် ကုန်ကားတွေကို ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားအဝင်အထွက်မှာ စစ်ဆေးနေတာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာမည့်ကုန်တင်ယာဉ်တွေကို ရေးမြို့နယ်အဝင်ဂိတ်နဲ့ ကရင်ပြည်နယ်ကနေ ဝင်ရောက်လာမည့်ယာဉ်‌တွေကို သထုံမြို့နယ်စစ်‌ရေးဂိတ်တွေမှာ ကိုဗစ် ၁၉…