ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ထားစည်းပြီးဟု မွန်ဝန်ကြီးချုပ်ပြော
မော်လမြိုင်၊ ဇွန် ၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအဖွဲ့စည်းမျည်းအရ ကြီးကြပ်ရေးအဖွဲ့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ပေးအပ်သူ နှစ်ဦး၊ မွန်ပြည်နယ် သာသနာရေးမှူး၊ ကျိုက်ထိုမြို့နယ်အတွင်းနေထိုင်သူ မြို့မိမြို့ဖ နှစ်ဦး၊ ဂေါပကအဖွဲ့က ရွေးချယ်ပေးသည့် ဂေါပကအဖွဲ့နှစ်ဦး စုစုပေါင်း ခုနှစ်ဦးနှင့် ဖွဲ့ရကြောင်း…