မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် လူငယ်ကိုယ်စားလှယ်များပူးပေါင်းရေးဆွဲထားသော မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ရှိ၊ ဓါတုမာလာ ကျောင်းတိုက်တွင် ယနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့များ၊ မွန်ပြည်နယ်တဝှမ်းမှ လူငယ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

အစီအစဉ်ဒုတိယပိုင်းအနေဖြင့် ဖေဖော်ဝါရီလ ၁၉၊ ၂၀ ရက်နေ့တွင် လူငယ်ရေးရာမူဝါဒအကောင်အထည်ဖော်ရေးကော်မတီ(မွန်ပြည်နယ်)အတွက် ကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.