2016

သတင်းမှော်ရုံ

ရွှေမြိုင်မောင်ပေါက်ကျိုင်း မွန်လွှတ်တော်၊အစိုးရ၊လူငယ်များ။ မွန်လွှတ်တော်မှာ လူငယ်အမတ်တွေရဲ့ စွမ်းရည်ကို တွေ့ရပါတယ်၊ ပါဝါပွိုင့်သုံးပြီး တင်ပြလာတာတွေ့ရတယ်၊ မြေပြင်အနေထားကို လွှတ်တော်အမတ်များတွေ့နိုင်တဲ့အတွက် တင်ပြမှုအသက်ပါ စိတ်ဝင်စားပြီး အော်ဒီလို ဖြစ်နေတာပါလားဆိုတာတွေ့ပြီး၊ လွှတ်တော်ရဲ့အားကို မြင့်စေပါတယ်၊ ခရိုင်အနေနဲ့ ပြောရရင် သထုံခရိုင်က လူငယ်တွေ များတော့ တင်ပြမှုပို သွက်တယ်၊ များပါတယ်၊ မော်လမြိုင်ခရိုင် ကျိုက္မရော၊ မုဒုံ ကလည်း ပါဝါ ပွိုင့်သုံးတယ်၊…

ရေးတောင်ပိုင်းတွင် လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ထပ်ပေါ်ဟု သတင်းပျံ့

ရေး၊ ဇူလိုင် ၇ နိုင်လှိန်း (နိုင်လွေး)၊ နိုင်လွန်နှင့် နိုင်ဆောင်းတို့ ဦးဆောင်သည့် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့ ဇွန်လကုန်ပိုင်းတွင်လက်နက်ချပြီးနောက် ရက်ပိုင်းအတွင်း မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းဒေသတွင် အလားတူအဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။

ရေးမြို့တွင် YSS နှင့် CBI တို့ပူးပေါင်းပြီး နိုင်ငံ့သားကောင်းသင်တန်း ၃ ရက်ကြာဖွင့်လှစ်

ရေး ၊ ဇူလိုင် ၇ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (YSS – Ye Social Society)နှင့် ရန်ကုန်မြို့အခြေစိုက် စွမ်းရည်ရှေ့ ဆောင်လူမှုရေးအသင်း (CBI – Capacity Building Intitiative)တို့ပူးပေါင်းပြီး နိုင်ငံသားကောင်းသင်တန်း (Good Citizenship)ကို ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စုအတွင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၇ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စု၊ မွေးမြူရေးဇုံ၊ ကင်းဘုရားလမ်းမတွင် ဇူလိုင်လ ၇ ရက်နေ့၊ နံနက်ပိုင်း က စိတ်ကြွဆေးပြား ၇၂ ပြား ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

မုဒုံတွင် သတင်းအရစောင့်ဖမ်းရာ တရားမဝင်သစ်များဖမ်းဆီး

မုဒုံ ဇူလိုင် ၆ မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊ထိန်းကုန်ရပ်၊ ထိန်ကုန်ကွက်သစ်၊ရေတောင်ဘုန်းတော်ကြီးကျောင်းအနီး စိန်ချယ်လမ်းသွယ်ရှိတရားမဝင်သစ်စက်ဝင်းအတွင်း ကျွန်းသစ်တင်ဆောင်ထားသည့်ကားတစ်စီးရောက်ရှိနေကြောင်းသတင်းအရ ဇူလိုင်လ(၆)ရက်၊ နေ့လည်(၁၁း၀၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊သစ်တောဦးစီး

အစိုးရသစ်အနေဖြင့် အမျိုးသမီးကဏ္ဍကို အာရုံစူးစိုက်မှုအားနည်းဟု အမျိုးသမီးလှုပ်ရှားသူများဆို

မော်လမြိုင်၊ ဇူလိုင် ၇ ယခုလက်ရှိ အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်နိုင်ရေးအတွက် လက်တွဲခေါ် ဆောင်မှုအားနည်းနေသည်ဟု အမျိုးသမီးလှုပ်ရှားသူများအဖွဲ့က ပြောသည်။

မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်

မုဒုံ ဇူလိုင် ၅ မုဒုံမြို့နယ်အတွင်းရှိ ညောင်ကုန်းကျေးရွာ၊ အလယ်ပိုင်း နေအိမ်အမှတ်(၆၂၈)တွင် ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မုဒုံတွင် ဝါးပိုးဝါးရှားပါးလာခြင်းနှင့်အတူ ဈေးနှုန်းလည်းမြင့်တက်လာ

မုဒုံ၊ ဇူလိုင် ၅ မုဒုံမြို့တွင် ဒေသထွက် ဝါးပိုးဝါးရှားပါးစပြုလာခြင်းနှင့်အတူ ဝါးပိုးဝါးတစ်လုံး(တစ်ပင်)၏ဈေးနှုန်းလည်း ယခင်နှစ်တွေနှင့်မတူ သိသိသာသာဈေးကြီးမြင့်လာကြောင်းဒေသခံများထံမှသိရှိရသည်။