2016

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့်လက်နက်ကိုင်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီခွဲထွက်မဟုတ်ကြောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် မွန်ဓါးပြအဖွဲ့များကို မွန်ပြည်သစ်ပါတီမှခွဲထွက်သည့် တပ်ဖွဲ့မဟုတ်သည့်အတွက် မွန်ပြည်သစ်ခွဲထွက်အဖွဲ့မဟုတ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုလိုက် သည်။

ရေးမြို့နယ် NLD ဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ အနားယူမည်

ရေး ၊ ဇူလိုင် ၁၂ နှစ်ပေါင်း ၂၀ ကျော် ရေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဦးမြဝင်းအနေဖြင့် ယခုလမှစတင်ကာ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်မှ အနားယူတော့မည်ဖြစ်သည်ဟု သိရသည်။

ပြည်နယ်စည်ပင်ကော်မတီခွင့်ပြုချက်ရမှသာ ရေတံခွန်တွင် ကယ်ဆယ်ရေးပစ္စည်းထားနိုင်မည်ဟုဆို

ပေါင်၊ ဇူလိုင် ၁၂ မိုးရာသီတွင် လာရောက်အပန်းဖြေသူများပြားသော ပေါင်မြို့နယ်၊ ဇင်းကျိုက်ရေတံခွန်တွင် အန္တရာယ် ဖြစ်ပွားနေခြင်းအား အရေးပေါ်ကူညီနိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများထားရှိခြင်းအား ပြည်နယ်စည်ပင်ကော် မတီ၏ ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေတံခွန်ထိန်းသိမ်းရေးကော်မတီထံမှသိရသည်။

၂၁ပင်လုံညီလာခံမတိုင်ခင် မွန်ပြည်သစ်ဦးဆောင်သည့် ကွန်ဖရင့်တရပ်ကျင်းပမည်

မော်လမြိုင်၊ ဇူလိုင် ၁၂ ၂၁ပင်လုံညီလာခံတွင် မွန်ကိုယ်စားပြုကိုယ်စားလှယ်များအသံတသံတည်းထွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး ကွန်ဖရင့်တရပ်ကျင်းပမည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံမှသိရသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ရန် တန်ဖိုးနည်းနစ်နာကြေးဖြင့် ဝယ်ယူထားသည့် လယ်မြေများကို ပြန်လည် ပေးအပ်ရန် မူလပိုင်ရှင်ပြန်လည်တောင်းဆို

ကျိုက်မရော၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မယ်ကရိုနှင့် ကော့ဒွန်း-ကော့ပနော့ကျေးရွာအနီးတွင် June ကုမ္ပဏီမှ တည်ဆောက်မည့် ဘိလပ်မြေစက်ရုံဆောက်လုပ်ရန် တန်ဖိုးနည်းနစ်နားကြေးဖြင့် ဝယ်ယူထားသည့် လယ်မြေများကို ပြန်လည်ပေးအပ်ရန် မူလပိုင်ရှင်များက ပြန်လည်တောင်းဆိုခဲ့သည်။

ချောင်းမြေကို အိမ်ကွက်ချရောင်းစားထားခြင်းကိစ္စအား စတင်စစ်ဆေးပြီ

ပေါင်၊ ဇူလိုင် ၁၁ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှ ပြည်တော်သာချောင်းကို ယခင်အုပ်ချုပ်ရေးမှုးလက်ထက်က စတင်၍ လူနေအိမ်ကွက်များအဖြစ် ချောင်းကို မြေဖို့၍ ရောင်းစားထားခြင်းကိစ္စအား အစိုးရသစ်တက်လာပြီးနောက်ပိုင်းတိုင်ကြားမှုများရှိခဲ့ခြင်းအပေါ် ဇူလိုင်လ(၁၁) ရက်နေ့က စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

လမ်းပေါ်တွင် ရပ်တန့်ထားသည့် ရေဖြည့်ယာဉ်အား နောက်မှ ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းနှင်သူသေဆုံး

မုဒုံ၊ ဇူလိုင် ၁၀ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ်၂၄/၆၊ ခပ်ရခပ်ရထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးမုဒ်ဝအနီးတွင် ဇူလိုင်လ(၁၀)ရက်၊ ည(၈း၀၀)နာရီခန့်တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းမုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရှိရသည်။

မွန်လူမျိုးတို့ဗုဒ္ဓဘုရားရှင်အားအဦးဆုံးဖူးတွေ့ခွင့်ရသည့်နေ့အထိမ်းအမှတ် အခမ်းအနား မုဒုံမြို့နယ်တွင် ကျင်းပ

မုဒုံ၊ ဇူလိုင် ၉ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာ၊ ကွက်သစ်ပိုင်းရှိ အောင်မေတ္တာဓမ္မရိပ်သာကျောင်း ဓမ္မာရုံတွင် မွန်လူမျိုး တို့ဗုဒ္ဓဘုရားရှင်အား အဦးဆုံးဖွင့်တွေ့ခွင့်ရသည့်နေ့ အထိမ်းအမှတ် ဆဌမအကြိမ်မြောက်အခမ်းအနားအား ဇူလိုင်လ(၉)ရက်၊ နံနက်(၉း၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

မုဒုံတွင် နှစ်ပတ်အတွင်း စည်းကမ်းပျက်မော်တော်ဆိုင်ကယ်မောင်းနှင်သူများအားအမှုဖွင့်တိုင်ကြားမှု (၃၀) ကျော်ရှိ

မုဒုံ၊ ဇူလိုင် ၁၄ မုဒုံမြို့နယ်တွင် နှစ်ပတ်အတွင်း စည်းကမ်းပျက်မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား အမှတ်(၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၇၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတပ်ဖွဲ့စိတ်တို့မှ မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြား မှုပေါင်း(၃၁)မှုရှိသည်ဟု သိရသည်။

ဘေးတွဲဆိုင်ကယ်နှင့်တိုက်မိသူ သစ်တောဝန်ထမ်းဒဏ်ရာပြင်းထန်စွာရရှိ

ပေါင်၊ ဇူလိုင် ၁၃ ဘေးတွဲဆိုင်ကယ်တစ်စီးနှင့် သစ်တောဝန်ထမ်းမောင်းလာသော ဆိုင်ကယ်တစ်စီးတို့မျက်နှာချင်းဆိုင် တိုက်မိကြရာမှ လူတစ်ဦးသေဆုံးသွားပြီး ဆိုင်ကယ်မောင်းလာသူသစ်တော ဝန်ထမ်းမှာလည်း ဦးခေါင်းနှင့် ရင် ဘတ်တို့တွင် စိုးရိမ်ရသည့်ဒဏ်ရာများရရှိကာ ဆေးရုံတွင်ကုသနေရသောဖြစ်ရပ်တစ်ခု ပေါင်မြို့နယ်တွင် ဇူလိုင်(၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည်။