2016

ကျိုက်ထီးရိုးက အခန်းပိုတွေ တစ်လအတွင်း ဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်အသနားခံစာတင်ထားရာတွင် ပြည်ထောင်စုမှ ဆုံးဖြတ်မည့်အပေါ် ပြည်နယ်အစိုးရလိုက်နာမည်

မော်လမြိုင်၊ ဇူလိုင် ၁၆ ကျိုက်ထီးရိုးတောင်ပေါ်က ရိုးရိုးလေးဟိုတယ်ရှိအခန်းပိုများအား တလအတွင်းဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်က အသနားခံစာတင်ထားသည့်အတွက် ပြည်ထောင်စုအဆင့်မှ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်အစိုးရကလိုက်နာ သွားမည်ဟု မွန်ပြည်နယ်အစိုးရရုံးမှသိရသည်။

မုဒုံဗျိုင်းနှစ်ကောင်မုဒ်ဦးအား အသစ်ပြန်လည် တည်ဆောက်မည်

မုဒုံ ဇူလိုင် ၂၇ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ကမ္ဘာ့အကြီးဆုံးအတောင်(၄၀၀)ပြည့်လျောင်းတော်မူဘုရားကြီးနှင့် တည်ဆောက်ဆဲအတောင်(၆၀၀)ပြည်လျောင်းတော်မူဘုရားကြီးအဝင်လမ်းဝရှိ ဗျိုင်းနှစ်ကောင်မုဒ်ဦးအား အသစ်တည်ဆောက်ရန်အတွက် ဖြိုချခြင်းများကို ဇူလိုင်လ(၂၄)ရက်နေ့ မနက်ပိုင်းမှ စတင်ကာဆောင်ရွက်နေကြောင်းသိရှိရသည်။

ရေးမြို့နေပြည်သူများအနေဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး အကြံပြုချက်များ ဆေးရုံအုပ်ထံ တိုက်ရိုက်ပြောကြားနိုင်

ရေး ၊ ဇူလိုင် ၂၇ ရေးမြို့ပြည်သူ့ဆေးရုံနှင့်ပတ်သက်၍ အကြံပြုချက်များရှိပါက ဆေးရုံအုပ်ထံ တိုက်ရိုက်ပြောကြားနိုင် ကြောင်း ရေးမြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ် ဒေါက်တာမေစန်းချိုက သံလွင်တိုင်းမ်သို့ ပြောသည်။

ပေါင်မြို့နယ် အားကစားရုံကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန် လျှောက်ထား

ပေါင်၊ ဇူလိုင် ၂၇ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ ကာလအတန်ကြာအသုံးပြုခြင်းမရှိခဲ့သဖြင့် ဆွေးမြေ့နေသော မြို့နယ်အားကစားရုံအား အသစ်ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားကြောင်း ပေါင်မြို့နယ် အား/ကာ ဌာနမှ သိရသည်။

ပြင်ပပညာရှင်(သို့) လွှတ်တော်ကိုယ်စားလှယ်ထဲမှကိုယ်စားလှယ်အား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပူးတွဲတာဝန် ယူထားသည့် ဌာန(၂)ခုကို ပြန်လွှဲရန်စီစဉ်

မော်လမြိုင်၊ ဇူလိုင် ၂၅ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ ပူးတွဲတာဝန်ယူထားသည့် ဌာန(၂)ကို ပြင်ပပညာရှင်(သို့) ကိုယ်စားလှယ်ထဲမှ ကိုယ်စားလှယ်အား တာဝန်များကိုပြန်လည်လွှဲအပ်သွားမည်ဟု ပြည်နယ်အစိုးရရုံးမှ သိရ သည်။

မုဒုံ-မော်လမြိုင်ကားလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်လုမှုဖြစ်ပွား

မုဒုံ ဇူလိုင် ၂၅ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာနှင့် ကော့ခပုံကျေးရွာကြားရှိ မော်လမြိုင်-မုဒုံကားလမ်းပေါ်တွင်ဆိုင်ကယ်မောင်းနှင်သူနှစ်ဦးမှ လာရာတူဆိုင်ကယ်မောင်းနှင်သည့်အလယ်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးထံမှဝတ်ဆင်ထားသည့်ရွှေဆွဲကြိုးတစ်ကုံးအား ဆွဲဖြတ်၊ လုယက်ယူဆောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ယခင်အစိုးရဆိုင်းငံ့ထားတဲ့ စီမံကိန်း(၆)ခု ယခုထိရပ်ထားဆဲဖြစ်ကြောင်း မွန်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ ဇူလိုင် ၂၆ NLD အစိုးရဆောင်ရွက်ရန် ယခင်အစိုးရဆိုင်းငံ့ထားသည့် စီမံကိန်း(၆)ခုကို ရပ်ထားဆဲဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ပြောသည်။

မုဒုံမြို့ရှိ ကန်သာယာပန်းခြံ၌ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည်

မုဒုံ ဇူလိုင် ၂၅ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ကန်သာယာရပ်၊ မော်-သံကားလမ်းမဘေးရှိ ကန်သာယာပန်းခြံ၌ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ထားရှိသွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

ပင်လယ်ပြင်ရေလုပ်သားများရရှိရန် ခိုင်မာသည့်အကျိုးဆောင်အဖွဲ့တစ်ခုပေါ်ပေါက်ရေး လုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများညှိနှိုင်းဖြေရှင်းခြင်းအလုပ်ရုံဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေး

ရေး ၊ ဇူလိုင် ၂၃ မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် ရေးမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်းမတွင် ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သော ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများညှိနှိုင်းဖြေရှင်းခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ရေလုပ်ငန်းရှင်တို့အနေဖြင့် ရေလုပ်သားများရရှိရေး အတွက် ခိုင်မာသည့် အကျိုးဆောင်အဖွဲ့တစ်ခုပေါ်ပေါက်ရေး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နိုင်စဝေါမွန်နှင့်တွေ့ဆုံမေးမြန်းခြင်း

ဒီမိုကရေစီ ဖော်ဆောင်ရေး ကာလအတွင်း နိုင်ငံတကာအစိုးရတွေရဲ့ အထောက်အပံ့နဲ့ လူငယ်ပညာရေး မြှင့်တင်ခြင်း အစီအစဉ်တွေ၊ ပညာတော်သင်ဆုတွေ ပေးနေတာက အများကြီးပါ။ အဲဒီအခွင့်အလမ်းတွေကို သိရှိနိုင်ဖို့နဲ့ ဆုပ်ကိုင်နိုင်မှုကို လူငယ်တွေ သတင်းအရင်းအမြစ် ရရှိနိုင်မှု အားနည်းနေတယ်