2016

လူငယ်ရေးရာမူဝါဒ ရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များ၏ သဘောထားအမြင်များ စစ်တမ်းကောက်ယူနေ

မော်လမြိုင်၊ စက်တင်ဘာ ၈ လူငယ်ရေးရာမူဝါဒ ရေးဆွဲမှုအတွက် မွန်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် အသိပညာပေးဆွေးနွေး ခြင်း၊ သဘောထား အမြင်များအား စစ်တမ်း ကောက်ယူခြင်းများကို လုပ်ဆောင်နေကြောင်း ပြည်နယ် လူငယ် ကွန်ယက်ထံမှ သတင်းရရှိသည်။

၅၀၀ ကျပ်တန်ထီလက်မှတ်များ ထုတ်ဝေရောင်းချမည်ဖြစ်ပြီး ကိုယ်စားလှယ်များ စတင်လျှောက်ထားနိုင်ပြီ

မော်လမြိုင်၊ စက်တင်ဘာ ၇ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ၅၀၀ ကျပ်တန်ထီလက်မှတ်များကို ထုတ် ဝေရောင်းချရန် စီစဉ်နေပြီး ဝယ်ယူရောင်းချလိုသူများ၊ ထီကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ ဒေသ အလိုက် လျှောက်လွှာများကို မြို့နယ်အခွန်ဦးစီး ဌာနရုံးများမှတဆင့် အောင်ဘာလေသိန်းဆုဌာနခွဲသို့ ပေးပို့

ရေးမြို့နယ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာသိုင်းပညာကို စီစဉ်ပေးမည့်သူရှိပါက ကူညီ သင်ကြားပေးမည်

ရေး၊ စက်တင်ဘာ ၅ ရေးမြို့နယ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို စီစဉ်ပေးမည့်သူများရှိပါက ကူညီသင်ကြားပေးမည်ဖြစ်ကြောင်း ရေးမြို့နယ်နေ မြန်မာ့ရိုးရာသိုင်းပညာတက်မြောက်သူ ဦးတင်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်တွင် ဆင်းကဒ်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့်ရှိ

ရေး၊ စက်တင်ဘာ ၅ ရက် ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆင်းကဒ်လာရောက်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့် ရှိနေကြောင်း ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးစန်းနိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အမည်စာရင်းအား ပြည်နယ်တရားလွှတ်တော်သို့ ပေးပို့ထား

ရေး ၊ စက်တင်ဘာ ၇ ရေးမြို့နယ်တရားရုံးတွင် ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးတွင် တက်ရောက်သူများက အဆိုပြုတင်ပြသည့် ဥက္ကဋ္ဌအပါအဝင် ၄ ဦးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြထားဆဲဖြစ်ကြောင်း ရေးမြို့နယ် တရားရုံးမှ တရားသူကြီး ဦးအောင်တင်ညွန့်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

မုဒုံတွင် လူမှုကယ်ဆယ်ရေး Rescue ကူညီမှုပေါင်း ၁၇ ခုဆောင်ရွက်နိုင်ခဲ့

မုဒုံ၊ စက်တင်ဘာ ၇ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ခွဲဖြစ်သော မုဒုံလူမှုကယ်ဆယ်ရေးအဖွဲ့သည် စတင်ဖွဲ့ စည်းသည့်အချိန်မှစပြီး နှစ်လအတွင်း ကူညီမှုပေါင်း(၁၇)ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းအဖွဲ့ထံမှ သိရဥည်။<!--more--> "ဒို့မုဒုံမြို့ဟာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်မှာတည်ရှိတယ်။ လမ်းချိုး၊လမ်းကွေ့၊လမ်းဆုံတွေ လည်း တအားများတယ်။ မကြာခဏဆိုသလိုပဲယာဉ်အန္တရာယ်ဖြစ်မှုတွေ ယာဉ်တိုက်မှုတွေဖြစ်တယ်။ ဖြစ်တဲ့ အခါမှာ၊ သွေးသံရဲရဲဖြစ်နေတာတွေကို ကိုင်ဖို့၊သယ်ဖို့လက်တွန့်ကြတယ်။ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းကလည်းမရှိဘူး။ ဒီလိုအပ်ချက်ကွက်လပ်ကိုဖြည့်တဲ့အနေနဲ့ အခမဲ့အရေးပေါ် လူမှု ကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်တယ်"ဟု ဥက္ကဌဦးမိုးမြင့်ရှိန်က…

ယာဉ်လမ်းကြောပြောင်းဝင်မောင်းသည့် ယာဉ်နှင့် တိုက်ပြီး ယာဉ်မောင်းသေဆုံး

မုဒုံ၊ စက်တင်ဘာ ၄ မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာ အထပ်သားစက်ရုံအနီး မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်းပေါ်တွင် စက်တင်ဘာ(၄)ရက်နေ့ နံနက်(၅း၃၀)အချိန်က လမ်းပြောင်းပြန်မောင်းနှင်သည့် ယာဉ်ဖြင့် တိုက်မိပြီး ယာဉ်မောင်းတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးကော်မတီဖွဲ့

မော်လမြိုင်၊ စက်တင်ဘာ ၈ မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု မွန်ဒေသ မြေယာမူဝါဒရေးဆွဲရေးကော်မတီထံမှ သိရသည်။

နည်းပညာတက္ကသိုလ်ကျောင်းများတွင် ပေါင်ကူးမထားရှိတော့ဘဲ BE တိုက်ရိုက်ဝင်ခွင့်ပြုမည်

မော်လမြိုင်၊စက်တင်ဘာ ၇ နည်းပညာတက္ကသိုလ်ကျောင်းများ၏ စနစ်ဟောင်းတွင် သတ်မှတ်ထားသောB-Tech အရည်အချင်း ပြည့်မှီမှသာ BE ဝင်ခွင့်ပေးထားသော်လည်း ယခုနှစ်မှစ၍ ပေါင်းကူးမရှိတော့ဘဲ B-Tech အောင်မြင်ရုံဖြင့် BE ဝင်ခွင့်ရရှိမှာဖြစ်ကြောင်းသိရသည်။

မေးခွန်းပေါက်ကြားမှု မရှိစေရန် ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံးများတွင် CCTV တပ်ဆင်မည်

မော်လမြိုင်၊ စက်တင်ဘာ ၇ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ပြီး အခြေခံပညာကျောင်းများ၏ မေးခွန်းပေါက်ကြားမှုများ ထပ်မံမဖြစ်ပေါ်စေရန် ခရိုင်၊မြို့နယ်နှင့်ပြည်နယ် ပညာရေးမှူးရုံးများတွင် CCTV Camera တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။