November 30, 2016

ရေးမြို့နယ်အတွင်း ယခုနှစ်အကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတွင် မိုးသတိပြုရန်လိုအပ်နေပြီး စိုက်ပျိုးရေးဌာနမှလည်း အသိပညာပေးဆောင်ရွက်နေ

ရေး ၊ နိုဝင်ဘာ ၉ ရေးမြို့၊ မိုးလေဝသစခန်းရုံး၏မှတ်တမ်းများအရ ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၇ နှစ်ဦးပိုင်း ဇန်နဝါရီလမှစတင်ကာ မိုးရွာသွန်းမည့်အနေအထားရှိနေပြီး စိုက်ပျိုး ရေးသမားများအနေဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသစခန်းမှူး ဦးဆန်းငွေက သံလွင်တိုင်းမ်သို့ ပြောသည်။

YSS ကစီစဉ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးသာတက်ရောက်

ရေး ၊ နိုဝင်ဘာ ၇ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)က နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်စီစဉ်ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားခဲ့သော်လည်း ၂ ဦးသာ တက်ရောက်ခဲ့ သည်ဟု ကျင်းပရေးတာဝန်ရှိသူများက ပြောကြားသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာ အပြောင်းအလဲသတင်းမဟုတ်မှန်ဟု ဦးဝင်းထိန်ပြော

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအပြောင်းအလဲသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုအပေါ် မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ သံလွင်တိုင်းမ်သို့ ပြောကြားသည်။<!--more--> “ခင်ဗျားတို့ ပြောတဲ့သတင်း မဟုတ်ဘူး။ မဟုတ်ဘူး”ဟု ဦးဝင်းထိန်က ပြောသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအား ပြောင်းလဲမည်ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ်နေရာအစား တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးမှ တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီးတစ်ဦးနေရာလည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်းလည်း ကျယ်ပြန့်စွာ သတင်းထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။…

ပေါင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး မခန့်အပ်နိုင်သေးသည့် ကျေးရွာ(၂)ရွာ ကျန်ရှိနေသေး

ပေါင်၊ နိုဝင်ဘာ ၈ ပေါင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် (၂)ရွာခန့် ကျန်ရှိနေသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ပြည်သူ့အသံကို သိစေဖို့ ပေါင်မြို့နယ်ကိုယ်စားလှယ်များစုပေါင်းကာ ပြည်သူများနှင့်တွေ့ဆုံ

ပေါင်၊ နိုဝင်ဘာ ၆ ပြည်သူ့အသံသိစေရန်အတွက် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များစုပေါင်းပြီး ပြည်သူများနှင့်တွေ့ဆုံပွဲကို နိုဝင်ဘာ(၆)ရက်နေ့တွင် ပေါင်မြို့နယ်၊ ကဒုံစီး တိုက်ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။