October 23, 2015

မွန်ပြည်နယ်တွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော်ရှိ

မွန်ပြည်နယ်တွင် မူလမဲဆန္ဒနယ် ပြင်ပရောက်ရှိသူများ လက်ရှိနေထိုင်ရာ မဲဆန္ဒနယ်တွင် မဲပေးနိုင်ရန်အတွက် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ ၂၀,၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိက ပြောသည်။ မွန်ပြည်နယ်တခုလုံးတွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူအပါအဝင် နောက်ဆုံးအဆင့် မဲဆန္ဒရှင်များ စာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ထိရှိလာသည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ…