ရေး

ရေးမြို့နယ်အတွင်း လူငယ် ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၁၈ ရေးမြို့နယ်၊ အဘော်ကျေးရွာပိုင် ရေး-အစင်သွား ကားလမ်းမကြီးနဘေး ရော်ဘာခြံအတွင်း လူငယ် ၂ ဦးထံက စိတ်ကြွဆေးပြားများကို ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေပိုင်းက သိမ်းဆည်းရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ် မာရဒေဝီ ပညာရေးဖောင်ဒေးရှင်းသို့ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီ

ရေး ၊ ဇူလိုင် ၁၇ ရေးမြို့နယ်၏ ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သော မာရဒေဝီပညာရေးဖောင်ဒေးရှင်းသို့ ယခုနှစ် တက္ကသိုလ် ဝင်ခွင့်ကျပြီးသည့်အချိန်တွင် ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဖြူက ပြောသည်။

ရေးမြို့မိုးရေချိန် ရွာသွန်းမြဲအောက်လျော့နည်းနေသော်လည်း ဇူလိုင်လနောက်ဆုံးပတ်နှင့် သြဂုတ်လအတွင်း မိုးရွာသွန်းမှုသတိထားစောင့်ကြည့်ရန်လိုအပ်

ရေး ၊ ဇူလိုင် ၁၃ ရေးမြို့နယ်အတွင်း ဇူလိုင်လ ဒုတိယအပတ်အထိ မိုးရွာသွန်းမှုအနေဖြင့် ရွာသွန်းမြဲအောက် လျော့နည်းနေ သော်လည်း လာမည့် ဇူလိုင်လ နောက်ဆုံးပတ်နှင့် သြဂုတ်လတို့အတွင်း မိုးရွာသွန်းမှုအခြေအနေအား သတိ ထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးဆန်းငွေက သံလွင် တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ် NLD ဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ အနားယူမည်

ရေး ၊ ဇူလိုင် ၁၂ နှစ်ပေါင်း ၂၀ ကျော် ရေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဦးမြဝင်းအနေဖြင့် ယခုလမှစတင်ကာ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်မှ အနားယူတော့မည်ဖြစ်သည်ဟု သိရသည်။

ရေးမြို့နယ်သို့ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ၄ ရက်ကြာ ဒေသခံပြည်သူများအား အခမဲ့လာရောက် ကုသပေးမည်

ရေး ၊ ဇူလိုင် ၁၃ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ၄ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်ရှိနေပြီး လက်ရှိအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူပေါင်း ၄၀၀၀ ကျော်ခန့် ဆေးကုသရန် စာရင်းပေးသွင်းထားပြီးဖြစ်သည်ဟု သိရသည်။

ရေးဒေသအတွင်း တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံနိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ် ၁၁ ဦးဖွဲ့စည်း

ရေး ၊ ဇူလိုင် ၁၃ မွန်ပြည်နယ်အစိုးရအပါအဝင် ရေးမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတွင်း ဌာနဆိုင်ရာ များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ထိတွေ့ဆက်ဆံနိုင်ရေး အတွက် ရေးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၁ ဦးကို ဇူလိုင်လ ၁၃ ရက်နေ့ က ရွေးချယ်ခဲ့သည်ဟု သိရသည်။

ရေးတောင်ပိုင်းတွင် လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ထပ်ပေါ်ဟု သတင်းပျံ့

ရေး၊ ဇူလိုင် ၇ နိုင်လှိန်း (နိုင်လွေး)၊ နိုင်လွန်နှင့် နိုင်ဆောင်းတို့ ဦးဆောင်သည့် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့ ဇွန်လကုန်ပိုင်းတွင်လက်နက်ချပြီးနောက် ရက်ပိုင်းအတွင်း မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းဒေသတွင် အလားတူအဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။

ရေးမြို့တွင် YSS နှင့် CBI တို့ပူးပေါင်းပြီး နိုင်ငံ့သားကောင်းသင်တန်း ၃ ရက်ကြာဖွင့်လှစ်

ရေး ၊ ဇူလိုင် ၇ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (YSS – Ye Social Society)နှင့် ရန်ကုန်မြို့အခြေစိုက် စွမ်းရည်ရှေ့ ဆောင်လူမှုရေးအသင်း (CBI – Capacity Building Intitiative)တို့ပူးပေါင်းပြီး နိုင်ငံသားကောင်းသင်တန်း (Good Citizenship)ကို ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စုအတွင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၇ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စု၊ မွေးမြူရေးဇုံ၊ ကင်းဘုရားလမ်းမတွင် ဇူလိုင်လ ၇ ရက်နေ့၊ နံနက်ပိုင်း က စိတ်ကြွဆေးပြား ၇၂ ပြား ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ်၌ ၆ လအတွင်း အမှုကြီး ၉ မှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားမှုအများဆုံးဒေသအား မှုခင်းကျဆင်းရေးအဓိက ထားဆောင်ရွက်ပေးနေ

ရေး ၊ ဇူလိုင် ၅ ရေးမြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ အမှုကြီး ၉ မှုဖြစ်ပွားခဲ့ပြီး မှုခင်းအများဆုံးဖြစ်ပွား သည့်ဒေသအား အဓိကထားကာ မှုခင်းကျဆင်းရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ရေးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။