ပေါင်

အရက်မူးပြီး အိမ်ပေါ်တက်၍ရန်ပြုသည့် မောင်ဖြစ်သူအား အစ်မအရင်းမှ ဓားဖြင့်ခုတ်

ပေါင်၊ ဇူလိုင် ၁၉ ဝါဆိုလပြည့်နေ့မနက်ပိုင်းတွင် သီလယူပြီး အိမ်သို့ပြန်ရောက်လာစဉ် မောင်အရင်းဖြစ်သူက မိမိ၏နေ အိမ်သို့လာရောက်ပြီး အရက်ဖိုးတောင်းသည်ကို မပေး၍ ရန်ပြုသောကြောင့်အစ်မအရင်းဖြစ်သူမှမောင်အရင်းတော်စပ်သူကို ဓားဖြင့်ခုတ်ရာ ဦးခေါင်းတွင်ပြင်းထန်စွာရရှိခဲ့မှုအား ပေါင်ရဲစခန်းတွင်အမှုဖွင့်အရေးယူထား ကြောင်း

ဝါဆိုလပြည့်နေ့က ဇင်းကျိုက်ရေတံခွန်တွင် လူငယ်တစ်ဦးရေနစ်သေဆုံး

ပေါင်၊ ဇူလိုင် ၁၉ ဝါဆိုလပြည့်နေ့တွင် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် အသက်(၁၂)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်တွင်နေထိုင်ကြသော မောင်လင်းပြည့်ဖြိုး(၁၂နှစ်)၊ မောင်အောင်ကိုကို(၁၃နှစ်)၊ မောင်ဝင်းထွန်း(၂၂)နှစ်တို့သည် ဇူလိုင်လ(၁၉)ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်တစ်စီး ဖြင့် ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့စဉ် ရေဆင်းကူးကြရာမှ မောင်လင်းပြည့်ဖြိုး (ခ)အငယ်လေးမှာရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ပန်းခွေချနိုင်ခြင်းမရှိ

ပေါင်၊ ဇူလိုင် ၁၉ ပေါင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အခြားသော နိုင်ငံရေးပါတီများမှ တက်ရောက်ပန်းခွေချအလေးပြုခဲ့သော်လည်း ပေါင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပန်းခွေချ နိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

အာဇာနည်နေ့အခမ်းအနားကို မြို့နယ်အဆင့်ဖြင့်စုပေါင်း၍အာဇာနည်ကျောက်တိုင်ရှေ့တွင်ပြုလုပ်မည်

ပေါင်၊ ဇူလိုင် ၁၂ ယခင်အစိုးရလက်ထက်က အာဇာနည်နေ့အခမ်းအနားများကို မြို့နယ်ခန်းမတစ်ခုတွင်သာ ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်အာဇာနည်နေ့ကို မြို့နယ်အဆင့်ဖြင့် ပြုလုပ်ကြရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်းနှင့် အာဇာနည်ကျောက်တိုင်ရှေ့တွင်စည်ကားစွာကျင်းပပြုလုပ်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် စည်းဝေးတိုင်ပင်ညှိနှိုင်းမှုပြုလုပ်ထားကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ပြည်နယ်စည်ပင်ကော်မတီခွင့်ပြုချက်ရမှသာ ရေတံခွန်တွင် ကယ်ဆယ်ရေးပစ္စည်းထားနိုင်မည်ဟုဆို

ပေါင်၊ ဇူလိုင် ၁၂ မိုးရာသီတွင် လာရောက်အပန်းဖြေသူများပြားသော ပေါင်မြို့နယ်၊ ဇင်းကျိုက်ရေတံခွန်တွင် အန္တရာယ် ဖြစ်ပွားနေခြင်းအား အရေးပေါ်ကူညီနိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများထားရှိခြင်းအား ပြည်နယ်စည်ပင်ကော် မတီ၏ ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေတံခွန်ထိန်းသိမ်းရေးကော်မတီထံမှသိရသည်။

ချောင်းမြေကို အိမ်ကွက်ချရောင်းစားထားခြင်းကိစ္စအား စတင်စစ်ဆေးပြီ

ပေါင်၊ ဇူလိုင် ၁၁ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှ ပြည်တော်သာချောင်းကို ယခင်အုပ်ချုပ်ရေးမှုးလက်ထက်က စတင်၍ လူနေအိမ်ကွက်များအဖြစ် ချောင်းကို မြေဖို့၍ ရောင်းစားထားခြင်းကိစ္စအား အစိုးရသစ်တက်လာပြီးနောက်ပိုင်းတိုင်ကြားမှုများရှိခဲ့ခြင်းအပေါ် ဇူလိုင်လ(၁၁) ရက်နေ့က စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

ဘေးတွဲဆိုင်ကယ်နှင့်တိုက်မိသူ သစ်တောဝန်ထမ်းဒဏ်ရာပြင်းထန်စွာရရှိ

ပေါင်၊ ဇူလိုင် ၁၃ ဘေးတွဲဆိုင်ကယ်တစ်စီးနှင့် သစ်တောဝန်ထမ်းမောင်းလာသော ဆိုင်ကယ်တစ်စီးတို့မျက်နှာချင်းဆိုင် တိုက်မိကြရာမှ လူတစ်ဦးသေဆုံးသွားပြီး ဆိုင်ကယ်မောင်းလာသူသစ်တော ဝန်ထမ်းမှာလည်း ဦးခေါင်းနှင့် ရင် ဘတ်တို့တွင် စိုးရိမ်ရသည့်ဒဏ်ရာများရရှိကာ ဆေးရုံတွင်ကုသနေရသောဖြစ်ရပ်တစ်ခု ပေါင်မြို့နယ်တွင် ဇူလိုင်(၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည်။

ချောင်းအတွင်း ဒိုင်းကွင်းဖြင့် ငါးဖမ်းနေကြသဖြင့် လယ်ကွက်များရေမြုပ်နေရဟုဆိုကာ လယ်သမားများ စုပေါင်းတိုင်ကြား

ပေါင်၊ ဇူလိုင် ၁၂ ချောင်းအတွင်းတွင် ဒိုင်းကွင်းဖြင့် ငါးဖမ်းနေကြသဖြင့် လယ်ကွက်များ ရေနစ်မြုပ်နေရခြင်းဟု ဆိုကာ ငါးဖမ်းနေသူများအား လယ်သမားများက စုပေါင်းတိုင်ကြားထားကြောင်း သိရသည်။

ကျွဲခြံကျေးရွာရှိ နှစ်ပေါင်း(၁၅၀)သက်တမ်းရှိသော ရှေးဟောင်း တမီလ်ဘုရားကျောင်းကို ဖြိုဖျက်ပြုပြင်ရန် စီစဉ်

ပေါင်၊ ဇူလိုင် ၅ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းနဘေးရှိ နှစ်ပေါင်း(၁၅၀)သက်တမ်းရှိ တမီလ် ဘုရားကျောင်းကို ဖြိုဖျက်ပြုပြင်ရန် စီစဉ်နေကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။