စပါးဈေးများကျဆင်းနေမှုကြောင့် သိုလှောင်ထားသူများအရှုံးပေါ်
လွန်ခဲ့သောတစ်လခန့်ကစတင်ပြီး စပါးဈေးများကျဆင်းနေခဲ့ရာ ပေါ်ဆန်းမွှေးစပါး တင်းတစ်ရာကို ယခင်လက ၉သိန်းကျပ် ကျော်စှေးပေးဝယ်ယူနေသော်လည်း ယခုရက်ပိုင်းအတွင်း ၇ သိန်း ကျပ်သာပေါက်ဈေးရှိနေသော်လည်း ကုန်သည်များအနေဖြင့် လိုက်လံဝယ်ယူမှုသိသိသာသာနည်းပါးသွားကြောင်း စပါးကုန်သည်များအားမေးမြန်းသိရသည်။<!--more--> “လယ်သမားတွေက ငွေမလိုဘူးဆိုပြီး ဈေးကောင်းစောင့်ကြတယ် မနှစ်က ဒီအချိန်မှာဈေးတက်တာနဲ့ဆုံထားတာလေ ကံနဲ့လည်းဆိုင်တယ် အချို့ ကုန်သည် တွေကလည်းဝယ်လှောင်ထားမိပြီး အခုလိုဈေးက မတရားကြီးရုတ်တရက်ထိုးကျတော့အထိနာကြတာပေါ့“ဟု စပါးကုန်သည်နှင့်ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ပေါင်မြို့ပေါင်းရပ်ကွက်နေ ကိုစိုးနိုင် က ရှင်းပြခဲ့သည်…