သတင်း

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို ထပ်မံဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၃ မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှသိရသည်။

အမျိုးသမီးကိုးဦးပါသော မုတ္တမဖဲလောင်းကစားမှုအတွက် အိမ်ရှင်အပါအဝင်လူ(၁၀)ဦးကို ထောင်ဒဏ်များချမှတ်

ပေါင်၊ ဇူလိုင် ၅ ၂၀၁၅ခုနှစ် ဇွန်လအတွင်းက မုတ္တမ ရဲစခန်းမှဖမ်းဆီးမှ လောင်းကစားအမှုဖြင့် အရေးယူထားသော အမျိုးသမီးကိုးဦးနှင့် အိမ်ရှင်အမျိုးသားတစ်ဦးတို့၏အမှုကို တစ်နှစ်ကျော်ကြာစစ်ဆေးပြီးနောက် ပေါင်မြို့နယ်တရားရုံးမှ ထောင်ဒဏ်များချမှတ်ခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်နေသော်လည်း တိုးတက်မှုနှေးဟု ဦးစိုင်းညွန့်လွင်ပြော

မော်လမြိုင်၊ ဇွန် ၁၆ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိအစိုးရကြားငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှုများမြန်ဆန်သော်လည်း တိုးတက်မှုနှေးနေသည်ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

မုဒုံမြို့နယ် ဝဲကလိကွင်းလယ်တဲအတွင်း အတင်းအဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၂ မုဒုံမြို့နယ်၊ ကွမ်ကဗွီးကျေးရွာ၊ ဝဲကလိကွင်း၊ ကွင်းအမှတ်၈၉၀(က)လယ်တဲတွင် ဇူလိုင်လ(၂)ရက်က အတင်းအဓမ္မသားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မုဒုံမြို့နယ် ကတုံပေါ်ကျေးရွာတွင် အလိုမတူပဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၃ မုဒုံမြို့နယ်၊ ကွင်းပိုင်းကျေးရွာအုပ်စု၊ ကတုံးပေါ်ကျေးရွာတွင် အလိုမတူပဲ အဓမ္မအကြိမ်ကြိမ်ပြုကျင့် ကာ ထွက်ပြေးတိမ်ရှောင်သွားသူအား ဥပဒေအရအရေးယူပေးရန် မုဒုံမြို့၊မြို့မရဲစခန်းသို့ဇူလိုင်လ(၃)ရက်နေ့က လာရောက်တိုင်တန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းရဲမှတ်တမ်းအရသိရှိရသည်။

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် ကာလတန်ဖိုး ၁၂၈ သိန်းကျော်ခန့်ရှိ ပစ္စည်းနှင့်ငွေများပျောက်ဆုံးမှု ၂၄ နာရီအတွင်း တရားခံအားဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၆ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက ငွေကျပ် ၁၂၈ သိန်းကျော်တန်းဖိုးရှိ ငွေနှင့် အဖိုးတန်ပစ္စည်းများပျောက်ဆုံးခဲ့ရာ ၂၄ နာရီအတွင်း တရားခံဟုယူဆရသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ်အတွင်းဆေးဆိုင်များတွင် တရားမဝင်ဆေးများ၊ စပ်ဆေးများနှင့် ဆေးဝါးအတုများအား စစ်ဆေး တွေ့ရှိပါက အရေးယူမည်ဟု တာဝန်ရှိသူများက သတိပေးပြီ

ရေး ၊ ဇူလိုင် ၄ ရေးမြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ၊ စပ်ဆေးများနှင့်၊ ဆေးဝါးအတုများ စစ်ဆေးတွေ့ရှိပါက ပညာ ပေးကာလပြီးမြောက်သွားပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ တစ်ပတ်ပြည့်မြောက်သည့်နေ့မှ စစ်ဆေး အရေးယူ သွားမည်ဖြစ်သည်ဟု ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွှန့်က ပြောသည်။

၁ ရာစုပင်လုံ အတွက် မွန်CSOs များ ကြိုတင်ပြင်ဆင်

မော်လမြိုင် ဇွန်၂၈ ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီခံသို့ တင်ပြနိုင်ရန် မွန်ဒေသတစ်နံတစ်လျားရှိ မွန်အရပ်ဘက် အဖွဲ့အစည်းများက စုစည်းပြီး အောက်ခြေလူထုသဘောထားရယူဖို့ အကြို ပြင်ဆင်မှု တွေ့ဆုံပွဲတစ်ရပ်ကို လာမည့်ဇူလိုင်လ ၂ရက်နှင့် ၃ရက်နေ့များတွင် မော်လမြိုင်မြို့တွင် စီစဉ်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ မြို့နယ်စည်ပင်ကော်မတီနှင့် စည်ပင်အဖွဲ့များအား ပထမဦးဆုံးအကြိမ် သီးခြားတွေ့ဆုံ

မော်လမြိုင်၊ ဇွန် ၃၀ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများ၊ ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိများကို ပထမဦးအကြိမ်တွေ့ဆုံခဲ့သည်ဟုသတင်းရရှိသည်။

အာဇာနည်နေ့အထိမ်းအမှတ် စုပေါင်းကဗျာစာအုပ်ထုတ်ဝေမည်

မော်လမြိုင်၊ ဇူလိုင် ၁ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်ဝေရန် ပြင်ဆင်လျက်ရှိကြောင်း ကဗျာစာအုပ် စီစဉ်နေ သူ ကဗျာဆရာဂိုးဂိုးမောရမြိုင်ထံမှသိရသည်။