သတင်း

အရည်အသွေးကောင်းမွန်ခြင်းမရှိဟု ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့သည့် မော်ရင်ဟို အရေးယူခံဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက်အသင်း၏ နည်းပြအသစ် မော်ရင်ဟိုသည် လီဗာပူးလ် နှင့် တွေ့ဆုံ သည့် ပွဲတွင် ကိုယ်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ေတေလာကို ဝေဖန်ပြစ်တင်ခဲ့သည့် အတွက် အရေး ယူခံရဖွယ် ရှိနေသည်။

အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု MFF ထုတ်ပြန်ကြေငြာ

အာရှဘောလုံး အဖွဲ့ချုပ် (AFC) ဥက္ကဌဖြစ်သူ ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာသည် လာမည့် နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF) မှ ထုတ်ပြန်ကြေငြာလိုက်သည် ။

ပန်းရောင်းသည့် မိန်းကလေးငယ်အား ကားတင်ပြေး အဓမ္မပြုကျင့်ကာ KTV ဆိုင်ပို့ခဲ့သည့် ကိစ္စ သက်ဆိုင်ရာမှအရေးယူမှု အားနည်းနေ၍ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးဟုဆို

ကျိုက်မရော၊ အောက်တိုဘာ ၁၇ ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင်ဘာလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သည့်အမှုအား တရနာရဲစခန်းမှ တာဝန်ရှိသူများမှ သံသယရှိ သူများကို အရေးယူဆောင်ရွက်ထားသော်လည်း တစ်လအကြာအထိ စုံစမ်းဖော်ထုတ်မှု တစ်စုံ တစ်ရာမျှ မရရှိသေးကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

တစ်ခုလတ်မိခင်တွေကို ကူညီသော Bao အမျိုးသမီး ဆုချီးမြှင်ခံရ

Sarah Tan ဟု အမည်ရသည့် Bao အမျိုးသမီးသည် တစ်ခုလတ်မိခင်များနှင့် အိမ်ခြေမဲ့လူငယ်များအတွက် သူမ၏ အိမ်ခန်း ၅ ခန်းကို ဂေဟာသဖွယ် ၁၀ နှစ်ကျော်ကြာ ဖွင့်လှစ်ခဲ့ဖူးပါသည်။ သူမ၏ လုံ့လများအတွက် အသက် ၅၂နှစ်အရွယ်ရှိသည့် အမျိုးသမီး Tan သည် အမျိုးသမီးထု၏ စီးပွားရေးအင်အားမြှင့်တင်သည့်အတွက် တစ်ဦးတည်းထူးချွန်ဆုကို Association of Women for…

လွှတ်တော်တွင် ခွင့်ယူပျက်ကွက်ခဲ့သော်လည်း လွှတ်တော်တာဝန်လုံးဝ မပျက်ကွက်ခဲ့ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို

မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တစ်ရက်သာ တက်ခဲ့ပြီး နောက်ပိုင်း ရက်များခွင့်ယူခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်မှုများ ပြုလုပ်နေသည့်အပေါ် လွှတ်တော်တက်ရန် ခွင့်ယူ

ဂျပန်စာအရည်အချင်း N-3 ထိတက်မြောက်ပြီးမှသာဂျပန်နိုင်ငံသို့ပညာတော်သင်သွားသင့်သည်ဟုဆို

ပြည်တွင်းမှ ဘွဲ့တစ်ခုခုရရှိပြီး Professional အနေဖြင့်ဖြစ်စေ၊ General Worker အနေဖြင့် ဖြစ်စေ၊ ပညာတော်သင်အနေဖြင့်ဖြစ်စေ ဂျပန်နိုင်ငံသို့သွားရောက်မည်ဆိုပါက ဂျပန်စာ အရည်အချင်း သတ်မှတ်ချက် N-3 level ထိ တက်မြောက်ပြီးမှသာ သွားရောက်သင့်ကြောင်း သိရသည်

သာသနာ့မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ယမ်းမိုင်းခွဲ ကျောက်ထုတ်လုပ်ခြင်းအား ကန့်ကွက်ဆန္ဒဖော်ထုတ်

သာသနာ့မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ယမ်းမိုင်းခွဲကျောက်ထုတ်လုပ်ခြင်းကို ကန့်ကွက်သည့်ဆန္ဒဖော် ထုတ်မှုအား အောက်တိုဘာလ(၁၂)ရက်နေ့ မနက်ပိုင်းက ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ဒေသအတွင်း အခြေခံကျဘမ်းလုပ်သားရှားပါးခြင်းကြောင့် မုဒုံမြို့တွင် အခြားမြို့ရွာမှလာရောက် အခြေချ လုပ်ကိုင်သူများပြားနေ

မုဒုံမြို့နယ်အတွင်းရှိ လုပ်ငန်းအများအပြားတွင်အခြေခံကျဘမ်းလုပ်သားရှားပါးပြီး ဒေသတွင်း နေထိုင် သူများလုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ယင်းလုပ်ငန်းများတွင် အခြားဒေသများမှ နေထိုင်သူများ လာရောက်ကာ လုပ်ကိုင်လျှက်ရှိကြောင်း စီးပွားရေးလုပ်ကိုင်သူလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်တည်ငြိမ်မှုထိန်းသိမ်းရေးပူးပေါင်းအဖွဲ့တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်မည်

မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် မြို့နယ်တည်ငြိမ်မှု ထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းသွားရန် စီစဉ် နေပြီး ယင်းအဖွဲ့တွင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်ထည့်သွင်းသွားရန်ရှိကြောင်း ပေါင်မြို့နယ်ရှိ နိုင်ငံရေးပါတီတစ်ခုထံမှ သိရသည်။ “စက်တင်ဘာ၂၇ ရက်နေ့ကစာဝင်လာတယ်။ အုပ်ချုပ်ရေးမှုးရုံးကတစ်စောင် မြို့နယ်ကော်မရှင်က လည်း စာပို့လာပြီး ပါတီတစ်ခုကို ကိုယ်စားလှယ်တစ်ဦးစီအမည်စာရင်း ဒီနေ့အရောက်ပြန်တင်ပြရမယ်“ဟု ပေါင်မြို့နယ်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒုဥက္ကဌ ဒေါ်မီမီလှိုင်ချု ိက သံလွင်တိုင်းမ်သို့ ပြော…

မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ သင်ကြားပေးလျက်ရှိ

မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းဘာသာ(၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး မွန်ဘာသာ၊ စကော ကရင်၊ အရှေ့ပိုး ကရင်နှင့် ပအိုဝ့် ဘာသာတို့ကို သင်ကြားပေးလျက်ရှိကြောင်းသိရသည်။