ဝရဇိန်

ပေါင်မြို့တွင်ကျောင်းသား ၁၀၀၀ကျော်ကို နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးရန်အသင့်ဖြစ်နေ

ပေါင်၊ ဇူလိုင် ၂၈ ရက်တစ်ရာ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ မွန်ပြည်နယ်လဝက ဌာနက ပြုလုပ်ပေးနေပြီး ဦးစားပေးအဆင့်ဖြင့် စာသင်ကျောင်းများမှ ကျောင်းသားများအားပြုလုပ်ပေးနေခဲ့ရာ လူဦးရေ (၁၀၀၀)ကျော်အား ထုတ်ပေးရန်စီစစ်ပြီးဖြစ်သည်ဟုသိရသည်။

ကျေးရွာမီးလင်းရေးကော်မတီများမှ လေလွင့်ယူနစ်အတွက် ပြည်သူထံမှကောက်ခံ၍ ငွေပေးသွင်းနေရ

ပေါင်၊ ဇူလိုင် ၂၅ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မှတ်သားပေးသော မီတာယူနစ်သတ်မှတ်ချက်အရ ကျေးရွာမီးလင်းရေးကော်မတီများက ငွေကျေးပေးသွင်းနေကြရပြီး ဓာတ်အားလေလွင့်ပျောက်ဆုံးမှုအတွက် ပါ တွက်ချက်ပေးသွင်းရပြိး ထိုငွေများကို မီးသုံစွဲသူပြည်သူများထံမှအချိုးကျတွက်ချက်ကောက် ခံပေးနေရကြောင်း မီးလင်းရေးကော်မတီများထံမှ သိရသည်။

ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း ခရုဖျက်နေဆဲဖြစ်သောကြောင့် လယ်သမားများအခက်တွေ့

ပေါင်၊ ဇူလိုင် ၂၅ မြို့နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်မိုးစပါးရာသီအတွက် ခရုနှင့်ပတ်သက်သော ပညာပေးမှု (၃၄) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စပါးပျိုးခင်းများအား ခရုဖျက်ဆီးခံရသဖြင့် မျိုးစပါးအခက်အခဲဖြစ်နေကြောင်း သဲကုန်း၊ ညောင်ကုန်းကြီး၊ ထန်းပင်ချောင်လေးကျေးရွာ တို့မှ လယ်သမား များထံမှ သိရသည်။

မွန်ပြည်နယ်တွင်မျက်မမြင်များအားကူညီရန် အရပ်ဘက်ကော်မတီတစ်ခုဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၂၇ မျက်မမြင်များအရေး ကူညီမှုပြုလုပ်ပေးနိုင်ရန် မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မျက်မမြင်ရေးရာအရပ်ဘက်ကော်မတီတစ်ခုကို ဇူလိုင်၂၇ရက်နေ့က လူပုဂ္ဂိုလ်(၅)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် အားကစားရုံကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန် လျှောက်ထား

ပေါင်၊ ဇူလိုင် ၂၇ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ ကာလအတန်ကြာအသုံးပြုခြင်းမရှိခဲ့သဖြင့် ဆွေးမြေ့နေသော မြို့နယ်အားကစားရုံအား အသစ်ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားကြောင်း ပေါင်မြို့နယ် အား/ကာ ဌာနမှ သိရသည်။

NDF ပါတီ၏ ဗဟိုဦးစီးကော်မတီအစည်းအဝေးအတည်ပြုသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သည့် စာတမ်း သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံထံပေးပို့

ရန်ကုန်၊ ဇူလိုင် ၁၆ ရန်ကုန်မြို့ YWCA ခန်းမ၌ ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ ဗဟိုဦးစီး ကော်မတီညီလာခံတွင်၂၁ ရာစုပင်လုံညီလာခံ၌ဆွေးနွေးရန်အကြံပြုချက်အဖြစ် ကျွနု်ပ်တို့ မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုအမည်ဖြင့်စာတမ်းတစ်စောင်ကိုအတည်ခဲ့ပြီး သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ ပေးပို့ထားကြောင်းသိရသည်။

ဇင်းကျိုက်ရေတံခွန်တွင် ယာဉ်ရပ်နားခကို နှစ်ဆတိုး၍ကောက်ခံခြင်းနှင့် ခွင့်ပြုချက်ပေးသူများကို ပြည်နယ်အစိုးရထံတိုင်ကြားမည်ဟုဆို

ပေါင်၊ ဇူလိုင် ၂၀ ပေါင်မြို့နယ်ရှိ နာမည်ကျော်ဇင်းကျိုက်ရေတံခွန်တွင် လာရောက်လည်ပတ်သူများထားရှိသည့် ကား၊ ဆိုင်ကယ်၊ သုံးဘီးရပ်နားခွင့်ကို နှစ်ဆတိုးမြှင့်ကောက်ခံနေခြင်းအား ကျေနပ်မှုမရှိသဖြင့် တိုင်ကြားရန်စီစဉ် နေသည်ဟု ရေတံခွန်လုပ်ငန်းကော်မတီထံမှ သိရသည်။

အရက်မူးပြီး အိမ်ပေါ်တက်၍ရန်ပြုသည့် မောင်ဖြစ်သူအား အစ်မအရင်းမှ ဓားဖြင့်ခုတ်

ပေါင်၊ ဇူလိုင် ၁၉ ဝါဆိုလပြည့်နေ့မနက်ပိုင်းတွင် သီလယူပြီး အိမ်သို့ပြန်ရောက်လာစဉ် မောင်အရင်းဖြစ်သူက မိမိ၏နေ အိမ်သို့လာရောက်ပြီး အရက်ဖိုးတောင်းသည်ကို မပေး၍ ရန်ပြုသောကြောင့်အစ်မအရင်းဖြစ်သူမှမောင်အရင်းတော်စပ်သူကို ဓားဖြင့်ခုတ်ရာ ဦးခေါင်းတွင်ပြင်းထန်စွာရရှိခဲ့မှုအား ပေါင်ရဲစခန်းတွင်အမှုဖွင့်အရေးယူထား ကြောင်း

ဝါဆိုလပြည့်နေ့က ဇင်းကျိုက်ရေတံခွန်တွင် လူငယ်တစ်ဦးရေနစ်သေဆုံး

ပေါင်၊ ဇူလိုင် ၁၉ ဝါဆိုလပြည့်နေ့တွင် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် အသက်(၁၂)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်တွင်နေထိုင်ကြသော မောင်လင်းပြည့်ဖြိုး(၁၂နှစ်)၊ မောင်အောင်ကိုကို(၁၃နှစ်)၊ မောင်ဝင်းထွန်း(၂၂)နှစ်တို့သည် ဇူလိုင်လ(၁၉)ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်တစ်စီး ဖြင့် ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့စဉ် ရေဆင်းကူးကြရာမှ မောင်လင်းပြည့်ဖြိုး (ခ)အငယ်လေးမှာရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ပန်းခွေချနိုင်ခြင်းမရှိ

ပေါင်၊ ဇူလိုင် ၁၉ ပေါင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အခြားသော နိုင်ငံရေးပါတီများမှ တက်ရောက်ပန်းခွေချအလေးပြုခဲ့သော်လည်း ပေါင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ပန်းခွေချ နိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။