ရဲနိုင်ဦး

ရေးမြို့ရှေးဟောင်းကျုံးတော်ကြီးအတွင်း အဆိပ်မိသေဆုံးသည်ဟု ယူဆရသည့်ငါးများ ရာနှင့်ချီရှိနေ

ရေး ၊ စက်တင်ဘာ ၁၅ ရေးမြိုူ့၊ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးများရာနှင့်ချီသေဆုံးမှုရှိနေပြီး လူမှုအဖွဲ့အစည်းတာဝန် ရှိသူအချို့က ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

” တန် ၉၀ စွန့်ပစ်အရာများနဲ့ သူတို့ဘ၀ “

ရဲနိုင်ဦး အချိန်က မနက်စောစော။ သူတို့အနေဖြင့် နိစ္စဓူဝမြင်တွေ့ရလေ့ရှိတာက ရွံရှာဖွယ်အတိဖြစ်သော ထမင်းကျန်ဟင်းကျန်များ၊ သားငါးစိမ်းမှထွက်လာသော အရိုးအရင်းများ၊ အမျိုးသမီးသုံးစွန့်ပစ်ပစ္စည်းများ၊ အမျိုးမည်မသိထွက်ပေါ်လာသည့် အနံ့အသက်ဆိုးများ။ မျက်စေ့အမြင်၊ နှာခေါင်းအနံ့ နှစ်ခုလုံးက သာမန်လူအဖို့ ရှောင်ကွင်းကြသည်။ သို့သော်လည်း ဘဝရည်တည်ရေး၊ မိသားစုစားဝတ်နေရေးအတွက် အချို့သူတွေမှာတော့ မရှောင်လွှဲနိုင်ခဲ့။

ကအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲငယ်ဖြစ်

ရေဖြူ၊ စက်တင်ဘာ ၈ ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး (၅) ရက်အကြာ စက်တင်ဘာ (၈) မွန်းလွဲပိုင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။

မူးယစ်ဆေးဝါးကိစ္စ ကိုင်တွယ်ရခက်နေသည့်အခြေအနေတွင်ရှိနေကြောင်း မွန်ဝန်ကြီးချုပ် ရေးမြို့ခရီးစဉ်တွင် ပြောကြား

ရေး ၊ ဇူလိုင် ၂၈ မူးယစ်ဆေးဝါးကိစ္စအနေဖြင့် မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေပြီး လုပ်ကိုင်ရခက်သည့်အခြေ အနေတွင်ရှိနေကြောင်း ဇူလိုင်လ ၂၁ ရက်နေ့၊ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

ရေးမြို့နေပြည်သူများအနေဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး အကြံပြုချက်များ ဆေးရုံအုပ်ထံ တိုက်ရိုက်ပြောကြားနိုင်

ရေး ၊ ဇူလိုင် ၂၇ ရေးမြို့ပြည်သူ့ဆေးရုံနှင့်ပတ်သက်၍ အကြံပြုချက်များရှိပါက ဆေးရုံအုပ်ထံ တိုက်ရိုက်ပြောကြားနိုင် ကြောင်း ရေးမြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ် ဒေါက်တာမေစန်းချိုက သံလွင်တိုင်းမ်သို့ ပြောသည်။

ပင်လယ်ပြင်ရေလုပ်သားများရရှိရန် ခိုင်မာသည့်အကျိုးဆောင်အဖွဲ့တစ်ခုပေါ်ပေါက်ရေး လုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများညှိနှိုင်းဖြေရှင်းခြင်းအလုပ်ရုံဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေး

ရေး ၊ ဇူလိုင် ၂၃ မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် ရေးမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးခန်းမတွင် ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သော ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများညှိနှိုင်းဖြေရှင်းခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ရေလုပ်ငန်းရှင်တို့အနေဖြင့် ရေလုပ်သားများရရှိရေး အတွက် ခိုင်မာသည့် အကျိုးဆောင်အဖွဲ့တစ်ခုပေါ်ပေါက်ရေး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ရေးမြို့နယ်လုံးဆိုင်ရာအရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ဇူလိုင်လကုန်တွင်ကျင်းပမည်

ရေး ၊ ဇူလိုင် ၂၀ ရေးမြို့နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအားလုံး ပါဝင်မည့်ရေးမြို့နယ်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ်ကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့၌ ရေးမြို့တွင်ပြုလုပ်ကျင်းပသွားရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖိုရမ်ဖြစ်မြောက်ရေးကော်မတီပြောရေးဆိုခွင့်ရှိသူ နိုင်လွင်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့တွင် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများ ညှိနှိုင်းအဖြေရှာမည်

ရေး ၊ ဇူလိုင် ၁၈ ရေမြို့နယ်အတွင်းရှိ ရေလုပ်ငန်းများအတွင်း ဖြစ်ပွားနေသည့် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများ အကြား ဆွေးနွေးညှိနှိုင်းအဖြေရှာကြမည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ရေးမြို့၊အထွေထွေအုပ်ချုပ်ရေးမှူးရုံး

ရေးမြို့နယ်အတွင်း လူငယ် ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၁၈ ရေးမြို့နယ်၊ အဘော်ကျေးရွာပိုင် ရေး-အစင်သွား ကားလမ်းမကြီးနဘေး ရော်ဘာခြံအတွင်း လူငယ် ၂ ဦးထံက စိတ်ကြွဆေးပြားများကို ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေပိုင်းက သိမ်းဆည်းရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ် မာရဒေဝီ ပညာရေးဖောင်ဒေးရှင်းသို့ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီ

ရေး ၊ ဇူလိုင် ၁၇ ရေးမြို့နယ်၏ ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သော မာရဒေဝီပညာရေးဖောင်ဒေးရှင်းသို့ ယခုနှစ် တက္ကသိုလ် ဝင်ခွင့်ကျပြီးသည့်အချိန်တွင် ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဖြူက ပြောသည်။