ရဲနိုင်ဦး

သဘာဝကပေးတဲ့အရင်းအမြစ်များနဲ့ အောင်မြင်မှုအစပျိုးလာတဲ့ ဓမင်းဆိပ်ရေတံခွန်

မိသားစုအတွက် ပိုင်ဆိုင်သည့်ရော်ဘာခြံအတွင်း ရေကူးရန် လျှောလမ်းလေးတစ်ခု စတင်လုပ်ကိုင်ရင်းဖြင့် ရေးမြို့နယ်အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများနဲ့ စည်ကားစပြုလာတာက ဓမင်းဆိပ်ရေတံခွန်ပါ။

ရေးမြို့နာရေးကူညီမှုအသင်းမှ တစ်နှစ်တာအတွင်း ပြည်သူ့တိုက်ရိုက်အကျိုးပြုလုပ်ငန်းများအတွက် ငွေသိန်း ၆၀၀ နီးပါး ကူညီပံ့ပိုး

ရေး ၊ စက်တင်ဘာ ၂၆ ရေးမြို့၊ မြို့နယ်နာရေးကူညီမှုအသင်းအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အသင်း၏လုပ်ငန်းခွဲများ ဖြစ်သော နာရေးကူညီမှုလုပ်ငန်း၊ အောက်ဆီဂျင်လုပ်ငန်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းလုပ်ငန်းတို့မှ ငွေကျပ်သိန်း ပေါင်း ၆၀၀ နီးပါး ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း ရေးမြို့နယ်နာရေးကူညီမှုအသင်းမှ သိရသည်။

ရေးမြို့နယ်အတွင်းရှိ ကသိုင်းအင်းအတွင်းသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်

ရေး ၊ စက်တင်ဘာ ၂၆ ရေးမြို့နယ်၏မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိသည့် ကသိုင်အင်းအတွင်း ယခုအခါ ဆောင်းခို ငှက်များ စတင်ဝင်ရောက်နေပြီး နှစ်စဉ် ဆောင်းခိုငှက်ကောင်ရေ ၄၀၀၀ ကျော်ခန့် လာရောက်နားခိုလျက်ရှိ သည်ဟု ယင်းအင်းအနီးတွင်ရှိသည့် အပ္ပမာဒတောရကျောင်း(ကသိုင်ကျောင်း)မှ ဆရာတော် ဦးပညာသာမိက သံလွင်တိုင်းမ်သို့ မိန့်သည်။

ရေးမြို့အတွင်း ကလေးသူခိုးများနှင့် ဖောက်ထွင်းခိုးယူမှုများ သိသိသာသာများပြားလာသဖြင့် အရေးယူ ဆောင်ရွက်မှုများလိုအပ်နေ

ရေး ၊ စက်တင်ဘာ ၂၇ ရေးမြို့အတွင်း ကလေးသူခိုးများနှင့် ဖောက်ထွင်းခိုးယူမှုများ သိသိသာသာများပြားလာသဖြင့် ထိုက် သင့်သည့် အရေးယူဖမ်းဆီးမှုများ ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

“ နစ်နာမှုအတွက် တိုင်စာများပေးပို့ကြသည်ဆိုရာဝယ် ”

ရဲနိုင်ဦး အစိုးရသစ်တက်လာပြီးသည့် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်မှ မေလ ၅ ရက်အထိ တစ်လကျော်အကြာ နိုင်ငံတော်သမ္မတရုံးမှာ တိုင်စာပေါင်း ၁၉၇၃ စောင်ရောက်ရှိခဲ့တယ်လို့ သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေးမြို့နယ်ရှိဆောက်လုပ်ရေးလုပ်ငန်းများတွင် သစ်အစားထိုး သံဖရိန်ဖြင့် ဆောက်လုပ်မှုများပြားလာ

ရေး ၊ စက်တင်ဘာ ၂၂ ရေးမြို့နယ်အတွင်း အိမ်ယာနှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် သစ်အစားထိုးအဖြစ် သံဖရိန် ဖြင့် ဆောက်လုပ်လာနေမှု များပြားလာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူများ၏ ပြော ကြားချက်အရ သိရသည်။

နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် ကဗျာဝကွန်ကရစ်တံတားပြုပြင်ပြီးစီး၍ ကမ်းခြေအရောက် မော်တော်ယာဉ်ဖြင့် ပြန်လည်သွားလာနိုင်တော့မည်

ရေး ၊ စက်တင်ဘာ ၇ ရေတိုက်စားမှုကြောင့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် ကဗျာဝကျေးရွာအဝင် ကွန်ကရစ်တံတားမှာ ယခုအခါ ပြုပြင်ပြီးစီးနေပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်များဖြင့် ကမ်းခြေအရောက် ပြန်လည်သွားလာနိုင်တော့မည်ဖြစ်သည်ဟု တည်ဆောက်ရေးတာဝန်ခံ ဦးသိန်းဌေးထွေးက သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာသိုင်းပညာကို စီစဉ်ပေးမည့်သူရှိပါက ကူညီ သင်ကြားပေးမည်

ရေး၊ စက်တင်ဘာ ၅ ရေးမြို့နယ်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို စီစဉ်ပေးမည့်သူများရှိပါက ကူညီသင်ကြားပေးမည်ဖြစ်ကြောင်း ရေးမြို့နယ်နေ မြန်မာ့ရိုးရာသိုင်းပညာတက်မြောက်သူ ဦးတင်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်တွင် ဆင်းကဒ်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့်ရှိ

ရေး၊ စက်တင်ဘာ ၅ ရက် ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆင်းကဒ်လာရောက်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့် ရှိနေကြောင်း ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးစန်းနိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အမည်စာရင်းအား ပြည်နယ်တရားလွှတ်တော်သို့ ပေးပို့ထား

ရေး ၊ စက်တင်ဘာ ၇ ရေးမြို့နယ်တရားရုံးတွင် ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးတွင် တက်ရောက်သူများက အဆိုပြုတင်ပြသည့် ဥက္ကဋ္ဌအပါအဝင် ၄ ဦးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြထားဆဲဖြစ်ကြောင်း ရေးမြို့နယ် တရားရုံးမှ တရားသူကြီး ဦးအောင်တင်ညွန့်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။