ကျိုုက်မရော

ပန်းရောင်းသည့် မိန်းကလေးငယ်အား ကားတင်ပြေး အဓမ္မပြုကျင့်ကာ KTV ဆိုင်ပို့ခဲ့သည့်ကိစ္စ သက်ဆိုင်ရာမှ အရေးယူမှု အားနည်းနေ၍ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးဟုဆို

ကျိုုက်မရော၊ အောက်တိုဘာ ၁၇ ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင်ဘာလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် မိန်းကလေး ငယ်အား အဓမ္မပြုကျင့်သည့် အမှုအား တရနာရဲစခန်းမှ တာဝန်ရှိသူများမှ သံသယရှိသူများကို အရေးယူ ဆောင်ရွက်ထားသော်လည်း တစ်လအကြာအထိ စုံစမ်းဖော်ထုတ်မှု တစ်စုံတစ်ရာမျှ မရရှိသေးကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။