ကမာဝက်

ကျိုက်တမော့ဘုရားဒိုင်း ပထမအကြိမ် ကွင်းဖွင့်ဖလားဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာအသင်းမှပထမဆုရရှိ

မုဒုံ၊ အောက်တိုဘာ ၂၃ ကမာဝက်မြို့၊ ကျိုက်တမော့ဘုရား၏ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ပထမအကြိမ်ကွင်းဖွင့်ဖလား၊ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အဘစ်ကျေးရွာကိုယ်စားပြုလူငယ်ဘောလုံးအသင်းမှ ပထမတံခွန်စိုက်ဒိုင်း ဆုအား ရရှိခဲ့ကြောင်းပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရှိရသည်။

ကျိုက်တမော့ စတုဒီသာဇရပ်(၁၂၅)နှစ်ပြည့်အဖြစ် ကမာဝက်ဒေသခံများမှ သိန်းပေါင်း(၃၀၀)ကျော် အကုန်ကျခံလှူဒါန်းမှုပြုလုပ်

မုဒုံ၊ အောက်တိုဘာ ၂၄ ကမာဝက်မြို့ရှိ ကျိုက်တမော့ဆံတော်ရှင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျိုက်တမော့စတုဒီသာဇရပ်(၁၂၅) နှစ်မြောက်အဖြစ် ကမာဝက်ဒေသခံများမှ ကျပ်သိန်းပေါင်း(၃၀၀)ကျော် အကုန်အကျခံပြီး ဧည့်သည်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။<!--more--> “ဒီနှစ်(၁၂၅)ကြိမ်မြောက်အလှည့်မှာ ကျွန်တော်တို့ရပ်ကွက်က တိုက်တိုက်ဆိုင်ဆိုင်ကြုံတယ်။ ဒီနှစ်ဘုရားပွဲတော်ကို အရင်နှစ်တွေနဲ့မတူစည်ကားအောင်ကျင်းပဖို့အတွက်လည်း ရပ၊်ရွာက သူနေရာနဲ့တူ စည်း ကား သိုက်မြိုက်စွာပြုလုပ်ရန်အတွက် ကြိုးပမ်းနေကြတော့လည်း ကျွန်တော်တို့ ကမာဝက်ရပ်ကွက်ကလည်း ကိုယ့်အလှည့်မှာ အဆင်ပြေပြေနဲ့ သူများနဲ့မသာခဲ့ရင်တောင်…

ကျပ်သိန်း ၁၂၀တန်ဖိုးရှိ သံမောင်းအား ကမာဝက်မြို့ကျိုက်ဇယ်စေတီတော်ကြီးတွင် ထားရှိ

မုဒုံ စက်တင်ဘာ ၂၇ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်မြတ်ကြီးရင်ပြင်တော်၌ သံမောင်းတစ်ခု ကိုလာရောက်လှူဒါန်းထားရှိခဲ့ကြောင်းစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။