မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး သံတမန် နည်းလမ်းအသစ် အသုံးပြုမယ်လို့ ထိုင်း ပြော
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ထဲမှာ သဘောထား ကွဲလွဲနေကြဆဲ ဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ထိုင်းက သံတမန်ရေး နည်းလမ်းအသစ်တွေ စမ်းသပ် အသုံးပြုသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ထိုင်းက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် အားဖြည့်ရေး တရားဝင် မဟုတ်တဲ့ ဒေသဆိုင်ရာဆွေးနွေးပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး စစ်ကောင်စီ ကျင်းပဖို့…
ရုရှားရောက် မြောက်ကိုရီးယားစစ်သားတွေကို လျှော့မတွက်ဖို့ စစ်သားဟောင်းတွေ သတိပေး
ဆိုးလ်၊ ဒီဇင်ဘာ ၂၀ ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ သူတို့နိုင်ငံရဲ့ စစ်သားတွေကို လျှော့မတွက်သင့်ဘူးလို့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယား စစ်သားတွေဟာ ထမင်းမစားရဘဲ ပြောင်းဆန်နဲ့ပဲ အသက်ရှင်နိုင်သလို စည်းကမ်း လိုက်နာမှု အပိုင်းမှာလည်း အားကောင်းကြတယ်လို့ တောင်ကိုရီးယားသို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက ပြောကြားလိုက်တာပါ။ ယူကရိန်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေတဲ့…
ဒီမိုကရေစီကို ထိခိုက်စေမယ့် ဥပဒေကြမ်းအရေး ထိုင်ဝမ် လွှတ်တော်အမတ်တွေ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား
တိုင်ပေ၊ ဒီဇင်ဘာ ၂၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက် ပျက်စီးစေမယ့် ဥပဒေကြမ်းတွေ ဖြစ်တယ်လို့ သမ္မတ လိုင်ချင်းတီရဲ့ ပါတီဝင် လွှတ်တော်အမတ်တွေက ပြောကြားပြီး တားဆီးဖို့ ကြိုးပမ်းခဲ့တာကြောင့် ဒီဇင်ဘာ ၂၀ ရက်မှာ ထိုင်ဝမ် လွှတ်တော်အမတ်တွေဟာအချင်းချင်း တွန်းထိုးရိုက်နှက်ကြပြီး ရေနဲ့ လောင်းခဲ့ကြပါတယ်။ သမ္မတ လိုင်ရဲ့ ဒီမိုကရေစီ တိုးတက်ရေးပါတီက…
ပွင့်ဖြူမြို့နယ်ရှိ ရွာ ၄ ရွာမှ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီး ငွေညှစ်
မကွေး ဒီဇင်ဘာ ၂၀ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကိုဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ ၄ ရွာက ဒေသခံ ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ငွေညှစ်နေတာလည်း ဖြစ်ပါတယ်။ “ဖမ်းဆီးခံရတဲ့သူတွေက ကနီမြောင်းဘောင်တောင်ဘက်က အရက်ဆိုင်မှာသောက်နေကြတာ။ အဲဒီ လူတွေကို…
ရေဖြူ ဆက်သွယ်ရေးစခန်းကုန်းကို PDF ဝင်စီး
ရေဖြူ၊ ဒီဇင်ဘာ ၂၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်းကုန်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ အင်အား ၁၅ ဦးဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ကံပေါက်ဒေသ ရေကန်တောင်ရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး မိုက်ခရိုဝေ့စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇…
တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေး မွန်တော်လှန် ရေးတပ်တွေ သဘောတူ
မော်လမြိုင် ၊ ဒီဇင်ဘာ ၂၀ စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လူမျိုးအခြေပြု လက်နက် ကိုင်တော်လှန် ရေးတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တပ်အသီး သီးက ပူးတွဲကြေညာပါတယ်။ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF…
ရေးတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး
ရေး၊ ဒီဇင်ဘာ ၂၀ မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကွမ်ကျိုက်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားပြီးနောက်တော်လှန်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။…
သံဖြူဇရပ်မြို့တည်ထောင်မှုကျင်းပဖို့ လုပ်ငန်းရှင်တွေထံကနေ သိန်းဆယ်နဲ့ချီတောင်းခံနေ
သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၀ မွန်ပြည်နယ် သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းခံနေတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲတော် ကျင်းပဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီရဲ့ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ…
မြန်မာမိဘတွေက မွေးဖွားတဲ့ ကလေးတွေ အခမဲ့ ဆေးကုသခွင့် မရှိဘူးလို့ ထိုင်းအစိုးရ ပြော
ဘန်ကောက်၊ ဒီဇင်ဘာ ၁၉ ထိုင်းနိုင်ငံရှိ နယ်စပ်ဆေးရုံမှာ မြန်မာမိဘတွေက မွေးဖွားတဲ့ ကလေးတွေအတွက် ဂဏန်း ၁၃ လုံးပါ သက်သေခံနံပါတ် အလိုအလျောက်ထုတ်ပေးထားပေမယ့် ထိုင်းနိုင်ငံသားတွေလို အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ ထိုင်းအမျိုးသား ကျန်းမာရေး ဖူလုံရေးရုံး NHSO က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပိုပြီး အရေးကြီးတာက…
ရုရှားစစ်ဗိုလ်ချုပ်အား လုပ်ကြံမှု စွပ်စွဲချက်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံသား ဖမ်းဆီးခံရ
မော်စကို၊ ဒီဇင်ဘာ ၁၉ မော်စကိုမြို့မှာ ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်နဲ့ သူ့ရဲ့ လက်ထောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အသက် ၂၉ နှစ်အရွယ် ဥဇဘက်ကစ္စတန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ရုရှားအရာရှိတွေက ပြောကြားထားပါတယ်။ ရုရှားနိုင်ငံရဲ့ ရေဒီယိုသတ္တိကြွမှု၊ ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် လက်ထောက်ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်ဟာ ဒီဇင်ဘာ ၁၇…