ထိုင်းဦးဆောင်တဲ့ မြန်မာ့ဆွေးနွေးပွဲ စစ်ကောင်စီကို နေရာပေးတာလို့ အကဲခတ်တွေဝေဖန်
နေပြည်တော် ၊ ဒီဇင်ဘာ ၂၁ ထိုင်းနိုင်ငံက ဦးဆောင်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲဟာ တော်လှန်ရေးအင်အားစုတွေမပါတဲ့အတွက် စစ်ကောင်စီကို နေရာပေးတာလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ထောက်ပြကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နှစ်စဉ်ဆက်တိုက် ဆွေးနွေးပွဲတွေ ဦးဆောင်ပြုလုပ်နေတဲ့ ထိုင်းနိုင်ငံက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ အတိုက်အခံအဖွဲ့အစည်းတွေမပါဘဲ စစ်ကောင်စီကိုသာ ဖိတ်ကြားခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း မြန်မာဘက်က စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ…
ထားဝယ်မြို့အဝင်ဂိတ်ကို PDF ဝင်တိုက်
ထားဝယ်၊ ဒီဇင်ဘာ ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဒီဇင် ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး…
ကရင်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ် ၁၀၀ ကျော် စစ်သားစုဆောင်းခံရ
ဘားအံ၊ ဒီဇင်ဘာ ၂၁ ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၁၀၀ ကျော် စစ်သားစုဆောင်းခံရပြီး လေ့ကျင့်ရေးစစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခံထားရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာဒုတိယအပတ်ကစလို့ ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ မြဝတီမြို့၊ ကျုံဒိုး၊ ကမမောင်းစတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းသင်တန်းအတွက် လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီလို…
ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကျိုက်ထို၊ ဒီဇင်ဘာ ၂၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကလော့ကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဝင်းကလော့ကျေးရွာလမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ရာကနေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ လက်နက်ကြီး…
မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး သံတမန် နည်းလမ်းအသစ် အသုံးပြုမယ်လို့ ထိုင်း ပြော
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ထဲမှာ သဘောထား ကွဲလွဲနေကြဆဲ ဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ထိုင်းက သံတမန်ရေး နည်းလမ်းအသစ်တွေ စမ်းသပ် အသုံးပြုသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ထိုင်းက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် အားဖြည့်ရေး တရားဝင် မဟုတ်တဲ့ ဒေသဆိုင်ရာဆွေးနွေးပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး စစ်ကောင်စီ ကျင်းပဖို့…
ရုရှားရောက် မြောက်ကိုရီးယားစစ်သားတွေကို လျှော့မတွက်ဖို့ စစ်သားဟောင်းတွေ သတိပေး
ဆိုးလ်၊ ဒီဇင်ဘာ ၂၀ ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ သူတို့နိုင်ငံရဲ့ စစ်သားတွေကို လျှော့မတွက်သင့်ဘူးလို့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယား စစ်သားတွေဟာ ထမင်းမစားရဘဲ ပြောင်းဆန်နဲ့ပဲ အသက်ရှင်နိုင်သလို စည်းကမ်း လိုက်နာမှု အပိုင်းမှာလည်း အားကောင်းကြတယ်လို့ တောင်ကိုရီးယားသို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက ပြောကြားလိုက်တာပါ။ ယူကရိန်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေတဲ့…
ဒီမိုကရေစီကို ထိခိုက်စေမယ့် ဥပဒေကြမ်းအရေး ထိုင်ဝမ် လွှတ်တော်အမတ်တွေ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား
တိုင်ပေ၊ ဒီဇင်ဘာ ၂၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက် ပျက်စီးစေမယ့် ဥပဒေကြမ်းတွေ ဖြစ်တယ်လို့ သမ္မတ လိုင်ချင်းတီရဲ့ ပါတီဝင် လွှတ်တော်အမတ်တွေက ပြောကြားပြီး တားဆီးဖို့ ကြိုးပမ်းခဲ့တာကြောင့် ဒီဇင်ဘာ ၂၀ ရက်မှာ ထိုင်ဝမ် လွှတ်တော်အမတ်တွေဟာအချင်းချင်း တွန်းထိုးရိုက်နှက်ကြပြီး ရေနဲ့ လောင်းခဲ့ကြပါတယ်။ သမ္မတ လိုင်ရဲ့ ဒီမိုကရေစီ တိုးတက်ရေးပါတီက…
ပွင့်ဖြူမြို့နယ်ရှိ ရွာ ၄ ရွာမှ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီး ငွေညှစ်
မကွေး ဒီဇင်ဘာ ၂၀ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကိုဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ ၄ ရွာက ဒေသခံ ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ငွေညှစ်နေတာလည်း ဖြစ်ပါတယ်။ “ဖမ်းဆီးခံရတဲ့သူတွေက ကနီမြောင်းဘောင်တောင်ဘက်က အရက်ဆိုင်မှာသောက်နေကြတာ။ အဲဒီ လူတွေကို…
ရေဖြူ ဆက်သွယ်ရေးစခန်းကုန်းကို PDF ဝင်စီး
ရေဖြူ၊ ဒီဇင်ဘာ ၂၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်းကုန်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ အင်အား ၁၅ ဦးဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ကံပေါက်ဒေသ ရေကန်တောင်ရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး မိုက်ခရိုဝေ့စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇…
တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေး မွန်တော်လှန် ရေးတပ်တွေ သဘောတူ
မော်လမြိုင် ၊ ဒီဇင်ဘာ ၂၀ စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လူမျိုးအခြေပြု လက်နက် ကိုင်တော်လှန် ရေးတပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တပ်အသီး သီးက ပူးတွဲကြေညာပါတယ်။ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF…