ရေဖြူမြို့နယ် ဇာဒီရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့နေ
ရေဖြူ၊ ဒီဇင်ဘာ ၂၂ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နှစ်ရက် ဆက် မီးရှို့နေတာကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ ဇာဒီကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းနဲ့ ဒီ ဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတို့မှာ ကျေးရွာအတွင်းရှိ…
အာဆီယံက မြန်မာရွေးကောက်ပွဲ အားလုံးပါဝင်စေလိုတယ်လို့ ထိုင်း ပြော
ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ လာမယ့်နှစ် စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံး ပါဝင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အလိုရှိလိမ့်မယ်လို့ ထိုင်းက မြန်မာစစ်ကောင်စီကို ပြောကြားထားကြောင်း ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အာဆီယံအနေနဲ့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် ချမှတ်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ…
ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်း ဘိုင်ဒန် ထပ်မံခွင့်ပြု
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ လာမယ့် ဇန်နဝါရီလ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရုံးက ထွက်ခွာဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်းကို ဒီဇင်ဘာ ၂၀ ရက်မှာ ခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို သံတမန်နည်းလမ်းအရ တရားဝင် အသိအမှတ်ပြုမထားပေမယ့်…
လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်လအတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံး
မော်လမြိုင်၊ ဒီဇင်ဘာ ၂၁ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခြောက်လအတွင်း အရပ်သားပြည်သူ ၃၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုနှစ် ဇူလိုင် ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၁၃၆…
AA သိမ်းပိုက်ထားတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်အထိရှိလာ
အမ်း၊ ဒီဇင်ဘာ ၂၁ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ရခိုင်စစ်ဆင်ရေးအတွင်း မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို အပြည့် အဝထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အမ်းမြို့အခြေစိုက် နပခစစ်ဌာနချုပ် တိုင်းစစ်ရုံးအတွင်းရှိ လက်ကျန်နေရာအားလုံးကို AA က ဒီ…
တစ်ခုတည်းသော မွန်တပ်တော်ပေါ်ပေါက်လာဖို့ အခြေအနေနီးစပ်ပြီလား။
“မွန်တော်လှန်ရေးလက်နက်ကိုင် လေးဖွဲ့ရဲ့ သဘောတူဆုံးဖြတ်ချက်မှာ သဘောတရားရပ်တည်ချက်အပြင် လက်တွေ့အကောင်အထည်ဖော်မှုတွေလည်း ပါနေတဲ့အတွက်ကြောင့် မွန်ပြည်သူပြည်သားများရဲ့ မျှော်လင့်ချက်အတိုင်း အမှန်တကယ် ဖြစ်မှာပါလို့ ပြောရမှာပါ” – ဒေါက်တာ သီရိမွန်ချမ်း (MSDF တပ်မှူး) စစ်ကောင်စီ စိုးမိုးနယ်မြေတွေ အားကောင်းနေတဲ့ မွန်ပြည်နယ်မှာ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် MNLA AD ၊…
ထိုင်းဦးဆောင်တဲ့ မြန်မာ့ဆွေးနွေးပွဲ စစ်ကောင်စီကို နေရာပေးတာလို့ အကဲခတ်တွေဝေဖန်
နေပြည်တော် ၊ ဒီဇင်ဘာ ၂၁ ထိုင်းနိုင်ငံက ဦးဆောင်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲဟာ တော်လှန်ရေးအင်အားစုတွေမပါတဲ့အတွက် စစ်ကောင်စီကို နေရာပေးတာလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ထောက်ပြကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နှစ်စဉ်ဆက်တိုက် ဆွေးနွေးပွဲတွေ ဦးဆောင်ပြုလုပ်နေတဲ့ ထိုင်းနိုင်ငံက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ အတိုက်အခံအဖွဲ့အစည်းတွေမပါဘဲ စစ်ကောင်စီကိုသာ ဖိတ်ကြားခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း မြန်မာဘက်က စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ…
ထားဝယ်မြို့အဝင်ဂိတ်ကို PDF ဝင်တိုက်
ထားဝယ်၊ ဒီဇင်ဘာ ၂၁ တနင်္သာရီတိုင်း ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဒီဇင် ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး…
ကရင်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ် ၁၀၀ ကျော် စစ်သားစုဆောင်းခံရ
ဘားအံ၊ ဒီဇင်ဘာ ၂၁ ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၁၀၀ ကျော် စစ်သားစုဆောင်းခံရပြီး လေ့ကျင့်ရေးစစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခံထားရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာဒုတိယအပတ်ကစလို့ ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ မြဝတီမြို့၊ ကျုံဒိုး၊ ကမမောင်းစတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းသင်တန်းအတွက် လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီလို…
ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကျိုက်ထို၊ ဒီဇင်ဘာ ၂၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကလော့ကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဝင်းကလော့ကျေးရွာလမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ရာကနေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ လက်နက်ကြီး…