မွန်ပြည်နယ် နောက်ဆုံး မဲဆန္ဒရှင်စာရင်း တစ်သိန်းနီးပါး ထပ်တိုးလား

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၏ နောက်ဆုံး မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၅ သိန်း ၁ သောင်းကျော်ရှိလာပြီး ခန့်မှန်း အခြေခံမဲဆန္ဒရှင် စာရင်းထက် တစ်သိန်းနီးပါး ထပ်တိုးလာသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မွန်ပြည်နယ်တွင် ခန့်မှန်းအခြေခံ မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ခဲ့စဉ်က မဲဆန္ဒရှင်စာရင်း ၁၄ သိန်း ၂ သောင်းကျော်ရှိခဲ့သည်။…

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အများစု အနိုင်ရရှိရေး မော်လမြိုင်တွင် ဆွေးနွေး

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အများစု အနိုင်ရရှိရေးအတွက် ဖန်တီးအိမ် အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့ ဦးဆောင်ပြီး တန်းတူရေးကို ရှေးရှုလို့ အမျိုးသမီးများ မဲပေးစို့ ခေါင်းစဉ်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆွေးနွေးခဲ့သည်။ ရွေးကောက်ပွဲ၌ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ အနိုင်ရ ရွေးချယ်ခံနိုင်ရေးအတွက် အမျိုးသမီးများ မဲပေးကရန် အရေးကြီးသည်ဟု ဖန်တီးအိမ်အဖွဲ့မှ စီမကိန်းမန်နေဂျာ ဒေါ်ခင်လေးနွယ်ထွန်းက ပြောသည်။ “သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက…

မွန်ပြည်နယ်တွင် တပ်မတော်သားအတွက် ကြိုတင်မဲလက်မှတ် ၄၀၀၀ ကျော် ထုတ်ပေး

မွန်ပြည်နယ်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့များမှ ကြိုတင်မဲပေးမည့် တပ်တော်သား ၄၀၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် ကြိုတင်မဲလက်မှတ်များကို မြို့နယ်အလိုက် ထုတ်ပေးလျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။ ပြည်နယ်တခုလုံးရှိ တပ်ရင်း တပ်ဖွဲ့ ၆၄ ခုတို့မှ ကြိုတင်မဲပေးရန် တောင်းခံထားသည့် တပ်တော်သား ၄၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က…

မွန်ပြည်နယ်တွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော်ရှိ

မွန်ပြည်နယ်တွင် မူလမဲဆန္ဒနယ် ပြင်ပရောက်ရှိသူများ လက်ရှိနေထိုင်ရာ မဲဆန္ဒနယ်တွင် မဲပေးနိုင်ရန်အတွက် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ ၂၀,၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိက ပြောသည်။ မွန်ပြည်နယ်တခုလုံးတွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူအပါအဝင် နောက်ဆုံးအဆင့် မဲဆန္ဒရှင်များ စာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ထိရှိလာသည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ…

မာန်အောင်ကျေးရွာတွင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

ရေးမြို့နယ် မာန်အောင်ကျေးရွာတွင် စိတ်ကြွဆေးပြား (၃၀) ပြားကို အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းခန့်က တပ်မတော်နှင့် ရေးမြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဖြစ်စဉ်မှာ ရေးမြို့နယ် မူးယစ်တပ်ဖွဲ့စု (၃၉) မှ ဒုရဲမှူး သန်းဇော်၊ ကိုးမိုင်ကျေးရွာ ခလရ (၂၉၉) မှ ဗိုလ်ကြီး ရဲလင်းအောင်ဦးစီးတပ်စုနှင့် သက်သေများအဖြစ် ကျေးရွာရပ်မိ/ဖများတို့ ပါဝင်သောအဖွဲ့သည် ရေးမြို့နယ်၊…

အမျိုးသားတိုးတက်ရေးပါတီက သံဃာတော်များ မဲပေးပိုင်ခွင့် ရှိ၊ မရှိ လွှတ်တော်တွင် မေးခွန်းထုတ်မည်ဆို

“ဒီမိုကရေစီ အဖြစ်ပြောင်းလဲပြီးတော့ ဒီမိုကရေစီ ကျင့်စဉ်တွေ ကျင့်တဲ့နိုင်ငံမှာ ညီတူညီမျှဖြစ်ဖို့လိုတယ်။ တပည့်တော်တို့ရဲ့ ပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်ကိုရောက်တဲ့ အခါမှာ အခြားသော ပါတီတွေက ကိုယ်စားလှယ်ကို မေးခွန်းပြန်ထုတ်ပါ့မယ်။ တပည့်တော်တို့နိုင်ငံမှာ အခြား ဘာသာဝင်တွေရဲ့ ဘာသာရေး ခေါင်းဆောင်တွေဟာ မဲပေးခွင့်ရှိသလား သူတို့ ရှိတယ်ဆိုလို့ရှိရင် ဘာဖြစ်လို့ တပည့်တော်တို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေဖြစ်တဲ့ သံဃာတော်တွေက မဲပေးခွင့် မရှိရမှာလဲ”…

NLD ပါတီ မြဝတီမြို့နယ်ရုံး ဖောက်ထွင်းခံရပြီး မဲဆန္ဒရှင် စာရင်းနှင့် ဖိုင်တွဲအချို့ ပျောက်ဆုံးနေ

“နယ်မြေအလိုက် မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စာရင်း ပြုစုထားတဲ့ ဖိုင်တွေကော အချို့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပါသွားပါတယ်။ ကျနော်တို့ဘက်က ရွေးကောက်ပွဲကို အလေးထား ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီလိုတွေ ဖြစ်လာတာကတော့ မကောင်းဘူးဗျာ” ဟု ပြော

အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ခွင့်ပြုခြင်းသည် ဒေသခံတို့၏ ဆန္ဒကို ဥပက္ခော ပြုခြင်းဟု ပြော

“ကျွန်တော်တို့ အစီရင်ခံမှာ စီမံကိန်းကို အကောင်အထည်ဖော် သင့်တယ်လို့ ပြောထားတာ မရှိဘူး။ ပြီးတော့ သူတို့ ကုမ္ပဏီ ပထမဆုံး အံဒင်ကို လာတုန်းက လူစုပြီး ရှင်းလင်းပွဲ လုပ်တယ်။ အဲဒါကို ဓါတ်ပုံတွေ အသေအချာ ရိုက်သွားတယ်။ ဒါကို သူတို့ကို ထောက်ခံ ပါတယ်လို့ လုပ်လိုက်တာ။ အမှန်မှာတော့ ကျွန်တော်တို့ ရွာသားတွေဟာ သွားနားထောင်ရုံ သက်သက်ပဲ”…

သတင်းမှော်ရုံ (၁၁)

အိမ်မှာ မီးပျက်တာနဲ့ အိမ်ကို ဆွမ်းခံကြွနေတဲ့ ဦးဇင်းကို ကျောင်းမှာ မီးလာလားလို့ မေးမိတယ်၊ ဦးဇင်းက ပြုံးပြီး မီးတော့ မလာဘူး၊ သင်္ကန်းလှူပြီး သူတို့ပါတီ မဲထည့်အောင် ဒကာတွေကို ပြောပေးဖို့ ပါတီတစ်ခုက ကျောင်းကို လာသွားတယ်လို့ ဦးဇင်းက ပြောပါတယ်လို့ အမျိုးသမီးပါတီ (မွန်) ဒုဥက္ကဌ က ပြောတာကြားရ ပါတယ်။

ပြည်သူတွေကို ရွေးကောက်ပွဲပညာ ဘာကြောင့်ပေးဖို့ လိုလဲ

“ယနေထိ ဒို့ရွာမှာ ဘယ်သူတွေ ဘယ်ပါတီတွေ ဝင်ပြိုင်ကြမယ် ဆိုတာရယ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးလို့လည်း ဘယ်လိုမျိုးပေါ့ ရွေးကောက်ပွဲ လုပ်မှာကိုတော့ သိတယ်။ ကျနော့်လို တစ်နေ့၄-၅ ခေါက်လောက် မြို့တက်နေတဲ့ လူတောင် မသိနေတော့ မင်း - ရွာကိုသွားပြီးမေးကြည့်လိုက် လူတိုင်းလိုလို မသိဘူးလိုဘဲ ဖြေကြမယ်” ဟု မုဒုံမြို့နယ် ကော့ပရံကျေးရွာမှ အသက် (၄၅) နှစ်အရွယ်…