မုဒုံတွင် တောင်ပို့မှို တစ်ပိသာ ကျပ်တစ်သောင်းကျော်ဈေးရှိနေ

မုဒုံ ဇွန် ၂၈ မုဒုံတွင် ယခုနှစ်မှိုရာသီ တောင်ပို့မှိုအထွက်များသော်လည်း တစ်ပိသာဈေးနှုန်းကျပ်(၇၀၀၀)မှ(၁၅၀၀၀) ထိ ရှိနေကြောင်းစုံစမ်းသိရှိရသည်။

ဈေးကြိုရပ်ကွက်တွင် လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

မော်လမြိုင်၊ ဇွန် ၂၈ရက် မော်လမြိုင်မြို့ဈေးကြိုရပ်ကွက်တွင် လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရွေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကန့်ကွက်

မော်လမြိုင်၊ ဇွန် ၂၇ ရွေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းကိစ္စသည် လုပ်ထုံးစနစ်နည်းလမ်းမကျသည့် အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဇွန်လ (၂၇) ရက်တွင် ကန့်ကွက်ကြောင်း တာဝန်ရှိသူများထံ စာပေးပို့ခဲ့သည်။

ပေါင်မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူကလေးငယ်အချို့ရှိနေ

ပေါင်၊ ဇွန် ၂၇ ပေါင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသော ကလေးငယ်အချို့ရှိနေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရေးမြို့တွင် ကျောင်းပြင်ပရောက်အခက်အခဲရှိနေသည့် တက္ကသိုလ်ဝင်တန်းများ အတွက် အခမဲ့ပညာဒါနသင်တန်းဖွင့်လှစ်မည်

ရေး ၊ ဇွန် ၂၇ ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး ကျူရှင်ယူရန် အခက်အခဲရှိနေသည့် တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်တန်းပြင်ပဖြေအခမဲ့ပညာဒါနသင်တန်းကို လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်ဟု တာဝန်ရှိသူများက သံလွင်တိုင်းမ်သို့ ပြောကြားသည်။

သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာတွင် ထိုင်းနိင်ငံသို့ တင်ပို့မည့်တရားမဝင်နွားများအားဖမ်းဆီးရမိ

သံဖြူဇရပ် ဇွန် ၂၆ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီနယ်မြေရဲစခန်းအပိုင်၊ နှစ်ကိုင်ကျေးရွာလမ်းဝတွင် သတင်းအရစောင့်ဆိုင်း စဉ် ထိုင်းနိင်ငံသို့တင်ပို့မည့် တရားမဝင်နွားများကားဖြင့်သယ်ဆောင်လာစဉ်ဖမ်းဆီးရမိကြောင်းသိရှိရသည်။

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကွမ်တာကျေးရွာကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုပွဲပြုလုပ်

မုဒုံ ဇွန် ၂၆ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စုရှိ ကွမ်တာရွာဟောင်းနှင့် ကွမ်တာရွာအတွင်းနေထိုင်ကြသည့် ၂၀၁၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး၊ ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဇွန်လ၂၆ရက်၊ မွန်းလွဲ (၂း၀၀)နာရီအချိန်တွင် ယင်းကျေးရွာရှိကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

ရေးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် စုပေါင်းလမ်းလျှောက်ချီတက်ပွဲပြုလုပ်

ရေး ၊ ဇွန် ၂၆ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စုပေါင်းချီတက်လမ်း လျှောက်ပွဲကို ရေးမြို့တွင် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

လမိုင်းမြို့၊ မော့ကနင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇွန် ၂၆ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအုပ်စုအတွင်း ဇွန်လ ၂၆ ရက်နေ့ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အလင်းဝင်လက်နက်အပ်

ရေး၊ ဇွန် ၂၅ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အလင်းဝင်လက်နက်အပ်ခဲ့ကြောင်း လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။