ရေးမြို့မှာ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်(၆၀၀)ကျပ်အထိ တိုးမြင့်မည်
မော်လမြိုင် ၊ စက်တင်ဘာ ၁၅ ဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတဲ့အတွက် ရေးမြို့နယ်မှာ လျှစ်စစ်မီတာခတွေကို တစ်ယူနစ် (၆၀၀)ကျပ်အထိ တိုးမြင့်ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား မသွယ်တန်းနိုင်သေးတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။ အရင်လတွေမှာတော့ လျှစ်စစ်မီးသုံးစွဲမှုအတွက် တစ်ယူနစ်ကို (၅၅၀)ကျပ် ကောက်ခံရာမှ အခုအခါ ဆီဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့်…
ငွေကြေး လိမ်လည်ကောက်ခံမှုတွေကြောင့် စိစစ်ပြီးမှ အလှူငွေထည့်ဖို့ PDFတိုက်တွန်း
ဘီးလင်း ၊ စက်တင်ဘာ (၁၄) တော်လှန်ရေးကို အမည်ခံပြီး ပြည်သူတွေဆီမှ ငွေကြေးလိမ်လည်ကောက်ခံတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စနစ်တကျ စိစစ်ပြီးမှ အလှူငွေထည့်ဝင်ပေးဖို့ ဘီးလင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ လူ့တချို့က အဖွဲ့အစည်းနာမည်ခံပြီး အလှူငွေကောက်ခံတာတွေ ပြုလုပ်ခဲ့ပေမယ့် ထောက်ပံ့မှုတွေဟာ မြေပြင်မှာ ဆောင်ရွက်နေသူတွေဆီ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ “အချို့သော အဖွဲ့အစည်းတွေ နာမည်ခံ အလှူ ရှင်တွေက…
မွန်မှာ ကိုဗစ်ကာကွယ်ဆေး တစ်သိန်းကျော် ထပ်မံထိုးနှံပေးမည်
မော်လမြိုင် စက်တင်ဘာ (၁၄) မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သိန်းကျော်ကို ထပ်မံထိုးနှံပေးသွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေးတွေအား မြို့နယ်အားလုံးကို ဖြန့်ဝေပေးထားပြီး စက်တင်ဘာလ(၁၅)ရက်နေ့မှာ စတင်ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ အခုတစ်ကြိမ် ထိုးနှံပေးရာမှာ သတ်မှတ်ထားတဲ့ လူအုပ်စုတွေအပြင် အသက် (၅၅)နှစ်ကနေ (၆၄)နှစ်အတွင်း ရှိသူတွေ ၊ မသန်စွမ်းတွေ နဲ့ နာတာရှည်ရောဂါခံစားရသူတွေကိုပါ…
PDFတွေရဲ့ လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ NUGကိုတောင်းဆို
မော်လမြိုင် ၊ စက်တင်ဘာ (၁၄) မွန်ပြည်နယ်တဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေလို့ အမျိုးသားညီညွှတ်ရေးအစိုးရမှ ဖြည့်ဆည်းပေးဖို့ လှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာတော့ မြို့နယ်အလိုက် PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို နည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်နေကြပါတယ်။ စစ်ကောင်စီရဲ့ ရုံးဌာနတွေကို ဖောက်ခွဲတာတွေ အပါအဝင် သတင်းပေးတွေနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား လုပ်ကြံသတ်ဖြတ်တာတွေကို ယခုလပိုင်းမှာ…
ဒေါ်လာ သန်း ၂၀၀ တန် အမျိုးသားအားကစားရုံအဆောက်အဦးသစ်ကို တရုတ်က ကမ္ဘောဒီးယားသို့ လက်ဆောင်ပေး
ဖနွမ်ပင်၊ စက်တင်ဘာ ၁၃ တရုတ်နိုင်ငံသည် ဖနွမ်းပင်မြို့တွင် ဆောက်လုပ်မည့် အမေရိကန်ဒေါ်လာ ၁၅၀ မီလီယမ် (USD ၂၀၁ မီလီယမ်) တန်ဖိုးရှိသော အားကစားရုံကို ကမ္ဘောဒီးယားအစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းအဆောက်အအုံသည် ဘေဂျင်းအစိုးရမှ ပေးအပ်သော အခြေခံအဆောက်အအုံဖြစ်သည်ဟု အာဏာပိုင်များမှ (စက်တင်ဘာလ ၁၂ ရက်နေ့) တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ လူဦးရေခြောက်သောင်းခန့် ဝင်ဆံ့နိုင်သည့် အဆိုပါအဆောက်အအုံသည် အခြေခံအဆောက်အအုံအားမြှင့်တင်ရန်နှင့်…
BGF စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေး စေခိုင်း
ဘီးလင်း၊ စက်တင်ဘာ ၁၃ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ(၄၀၆)နဲ့ အမှတ်(၁၀၁၄)BGF ပူးပေါင်းအဖွဲ့က စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကိုပြောပါတယ်။ စခန်းပြုပြင်ဖို့ လေးကေနဲ့ ကျောက်ဖျာကျေးရွာက ဒေသခံတွေကို တစ်အိမ် ဝါး (၁၀)လုံးနဲ့ သစ် ၂ ချောင်းခုတ်ပြီး စခန်းကိုပို့ပေးဖို့ ဖိအားပေး ခိုင်းစေနေတာ ဖြစ်ပါတယ်။…
ကိုဗစ်ချေးငွေနဲ့ ဝန်ထမ်း ချေးငွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့
မော်လမြိုင်၊ စက်တင်ဘာလ ၁၃ NLD အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းတွေအပေါ် ထုတ်ချေးပေးထားတဲ့ ချေးငွေနဲ့ နိုင်ငံဝန်ထမ်း ချေးငွေကို ပြန်ဆပ်ကာလ ၆ လ နောက်ဆုတ်ပေးလိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံဝန်ထမ်းတွေကို ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ ချေးငွေ ၂ လစာကို အောက်တိုဘာလကစပြီး ပြန်ဆပ်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၂…
(၂)လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကညနရုံးတွေ ပြန်ဖွင့်
မော်လမြိုင် ၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ်မှာ (၂)လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွေကို ဒီကနေ့ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကညန ရုံးတွေကိုတော့ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် စစ်ကောင်စီက နိုင်ငံတော်ရဲ့ အများပြည်သူ ရုံးပိတ်ရက် အဖြစ်သက်မှတ် လိုက်တဲ့နေ့…
ရေးမြို့နယ်က မူးယစ်ဆေးဝါးရောင်းချသူ တစ်ဦး ပစ်ခတ်ဖမ်ဆီးခံရပြီး သေဆုံး
ရေး၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ်၊ ရေးမြို့နယ် စုံနံ့သာကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးရောင်းသူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သေဆုံးသွားတဲ့ အထွန်း(ခ) ထွန်းနိုင် နေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲအင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက်…
ထားဝယ်မှာ အသက်မပြည့်သေးသည့် မိန်းကလေး ၂ ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
ထားဝယ်၊ စက်တင်ဘာလ ၁၃ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ၊ ဆန်းချီရပ်ကွက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညက အသက်မပြည့်သေးသည် မိန်းကလေး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အဆိုပါ မိန်းကလေးတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သည်ဟု အကြောင်းပြချက်နဲ့လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အသက် ၁၀ နှစ်အရွယ်…