ဝန်ကြီးချုပ်ပရရွတ်ကို အမြင့်ဆုံးကိုယ်စားလောင်းအဖြစ် PPRP က ဆက်လက်ထားရှိမည်
ဘန်ကောက်၊ အောက်တိုဘာ ၃ ထိုင်းနိုင်ငံ၏ လက်ရှိအာဏာရပါတီ PPRP သည် လာမည့် ရွေးကောက်ပွဲနှင့်အတူ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာကို နောက်ထပ်သက်တမ်းတစ်ခုအတွက် အဆိုပြုချက်ကို ထောက်ခံလိမ့်မည်ဟု ပါတီတွင်း အရင်းအမြစ်တစ်ခုမှ သိရသည်။ PPRP ၏ ဟဲဗီးဝိတ် ပါတီဝင်များ ပါဝင်ကြသော အစည်းအဝေးတွင် ပါတီခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ပရဝတ်က PPRP အနေဖြင့် ဗိုလ်ချုပ် ပရရွတ်ကို နောက်ထပ်ရွေးကောက်ပွဲအတွင်းမှာ…
နယ်ခြားစောင့်တပ် (BGF) စစ်ဆေးဖမ်းဆီးတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်လာပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေ
မော်လမြိုင်၊အောက်တိုဘာ ၂ စစ်ကောင်စီရဲ့ ဂုဏ်ပြုချီးမြှင့်ငွေတွေ ရပြီးတဲ့နောက် ဘားအံမြို့မှာ နယ်ခြားစောင့်တပ် (BGF) တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေကို ပိုမိုလုပ်ဆောင်လာနေပြီး ပြည်သူတွေအပေါ် မောက်မာခက်ထန်စွာ ဆက်ဆံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံမြို့မှာ အခုရက်ပိုင်းတွေအတွင်း BGF တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ စစ်ဆေးရေးဂိတ်တွေမှာ ရှာဖွေစစ်ဆေး ဖမ်းဆီးနေတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီစစ်ဆေးတဲ့အခါမှာလည်း…
မွန်မှာ လူသတ်မှု၊ခိုးမှုဖြင့် အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦး ပြန်လွှတ်ပေး
မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်မှာ အမှုရင်ဆိုင်ရင်နေတဲ့ အချုပ်သား (၁၉၅)ဦးကို အောက်တိုဘာလ (၁)ရက်နေ့က လွတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ သိရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ အချုပ်သူ အချုပ်သားတွေ ဟာဆိုရင် မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားသူ ဖြစ်ပါတယ်။ အကျဉ်းထောင် အသီးသီးက လွတ်ပေးလိုက်သူတွေကိုတော့ တရားရေးနဲ့ ရဲတပ်ဖွဲ့က…
ခြောက်လအတွင်းဖူးခက်ကမ်းခြေကို ဧည့်သည် တသန်းဝင်ရန် မျှော်မှန်းထား
ဘန်ကောက်၊ အောက်တိုဘာ ၁ လာမယ့်ခြောက်လအတွင်း ဖူးခက်ကမ်းခြေကို နိုင်ငံခြားသားခရီးသွား တသန်း ဝင်ရောက်ရန်နှင့် ဘတ် ၁၀ ဘီလီယံဝင်ငွေရရှိရန် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင် အဖွဲ့က နိုင်ငံကို ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က စီမံတဲ့ ယခုနှစ် နောက်ဆုံးသုံးလနှင့် လာမည့် ၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း…
KNU တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ် ၈ လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က အကျအရှုံးများခဲ့
သထုံခရိုင်၊ အောက်တိုဘာ ၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၈ လတာကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၁)တို့အကြား တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ KNU တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ သံလွင်မြောက်ခြမ်း…
မွန်က ဈေးတချို့ ပုံမှန်အတိုင်း ရောင်းချခွင့် ပြန်ပေး၊ မော်လမြိုင်ရဲ့ အဓိက ဈေးတွေ မပါဝင်
မော်လမြိုင်၊ အောက်တိုဘာ ၁ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့က ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ် ရောင်းခွင့်ပေးအပ်လိုက်ပေမယ့် မော်လမြိုင်ရဲ့ အဓိက ဈေးတွေဖြစ်တဲ့ အမှတ် ၁ ဈေးနဲ့ မြိုင်ရတနာဈေးတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home မသတ်မှတ်ထားတဲ့ ကျိုက်ထို၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ရေးမြို့နယ်တွေမှာရှိတဲ့ စည်ပင်သာယာဈေးတွေကို…
စစ်ကောင်စီရဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်နည်းနေလို့ ငွေကြေးဖြင့် စည်းရုံးနေ
မော်လမြိုင်၊ အောက်တိုဘာ ၁ အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်မယ့်သူ နည်းပါးနေတဲ့အတွက်ကြောင့် ငွေကြေးဖြင့် လိုက်လံစည်းရုံးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို အခုလ ပထမပတ်အတွင်း စစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ အခုအခါ စစ်ကောင်စီဖွင့်လှစ်မယ့် သင်တန်းတက်ရောက်မယ့်…
ကိုဗစ်ကြောင့် ထိခိုက်ခဲ့သော ဖိလစ်ပိုင်စီးပွါးရေး ပြန်လည်နာလန်ထရန် ၁၀ နှစ် အချိန်ယူရမည်ဟုဆို
မနီလာ၊ အောက်တိုဘာ ၁ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးကို ကပ်ဘေးကာလမတိုင်ခင် ဖွံ့ဖြိုးမှုအထိ ပြန်လည်ရောက်ရှိနိုင်ရန် ရာစုနှစ် တစ်ခုထက်ပို၍ အချိန်ယူရမည်ဖြစ်ပြီး နောင်လာမည့် ဖိလစ်ပိုင် မျိုးဆက်နှစ်ခုစာလောက်က ကိုဗစ် ၁၉ ကုန်ကျစရိတ်များအတွက် ပေးဆပ်ရမှာဖြစ်သည်ဟု စက်တင်ဘာ ၃၀ ရက်နေ့ ကြာသပတေးနေ့က အာဏာပိုင်များကို ပြောကြားခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေရန်အတွက် ရည်ရွယ်လုပ်ဆောင်သော အသွား အလာကန့်သတ်ခြင်းများနှင့်…
ချောင်းဆုံမှာ မီတာခ မသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်
ချောင်းဆုံ၊စက်တင်ဘာ ၃၀ မွန်ပြည်နယ်၊ ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ မီတာခမပေးသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာတော့ ချောင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာဘေ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို မီတာခ လာဆောင်ကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။ “မီတာခမသွင်းရင် မီတာဘောက်စ်ဖြုတ်သိမ်းမယ်လို့ ပြောလာတယ်၊ ကျွန်တော်တို့…
ပြည်ပဈေးကွက် ပျက်သွားလို့ တပိုင်တနိုင်ငါးလုပ်ငန်း လုပ်ကိုင်သူတွေ စီးပွားရေး ကြပ်တည်း
သထုံခရိုင်၊ စက်တင်ဘာ ၃၀ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တပိုင်တနိုင် အသက်မွေးဝမ်းကြောင်း လုပ်နေသူတွေဟာ စီးပွားရေးကြပ်တည်းလာပြီး စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ သထုံခရိုင်အတွင်းက တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း စက်သုံးဆီဈေး မြင့်တက်လာနဲ့အတူ ဖမ်းမိတဲ့ငါးတွေကို ပြန်လည်ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ဝမ်းဝရုံသာ လုပ်ကိုင်စားသောက်နေရတယ်လို့ ဆိုပါတယ်။ “ကိုဗစ်ဖြစ်ကတည်းက ငါးဈေးကမရ။ ခုက ဆီဈေးတွေတက်။ ငါးအထိမိကလည်း မကောင်းဆိုတော့…