ထိုင်းတောင်ပိုင်းရှိ ခရိုင် (၂၃)ခုကို ဘေးအန္တရာယ်ဇုံများအဖြစ် ကြေငြာ

နခွန်ဆီထမာဆက်၊ ဒီဇင်ဘာ ၃ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ‌ရေစီးဆင်းမှုများမှတဆင့် ‌ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သောကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင်ခွဲ ၂၃ ခုကို ဘေးအန္တရာယ်ဇုံများအဖြစ် သတ်မှတ်ကြေငြာခဲ့သည်။ ခရိုင်/ဒေသန္တရ အုပ်ချုပ်သူအရာရှိ Kraisorn Wisitwong (ခရိုင်ဆွန်ဝီဆစ်ဝန်)သည် အဆိုပါခရိုင်ဒေသန္တရတစ်ခုလုံးကို ဘေးအန္တရာယ်ဇုံအဖြစ် သောကြာနေ့က ကြေငြာခဲ့သည်။ အဆိုပါထုတ်ပြန်ကြေငြာချက်မှ ကယ်ဆယ်ရေး သမားများနှင့် အာဏာပိုင်များကို ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တရားဝင် လုပ်ပိုင်ခွင့် ပေးအပ်ထားမည်ဖြစ်ပြီး…

မွန်ပြည်နယ်မှာ ငါးသယံဇာတ ရှားပါးမှုကို ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၄) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တရားမဝင် ငါးဖမ်းဆီးတာနဲ့ငါးရစ်ငါးသန် ကာလမှာ ငါးဖမ်းဆီးခဲ့တဲ့အတွက်ကြောင့် ငါးသယံဇာတ ရှားပါးလာမှု ပြဿနာကို ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ ငါးဖမ်းဆီးရာမှာ ငါးရရှိမှု လျော့နည်းလာတာ၊ ဖမ်းဆီးရမိတဲ့ ငါးတွေကလည်း အရွယ်အစား သေးငယ်လာတဲ့အတွက်ကြောင့် ရောင်းတန်မဝင်တဲ့ အခက်အခဲကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အခုလို ငါးသယံဇာတတွေ…

အိုမီခရွန် ဗိုင်းရပ်စ် တစ်လအတွင်း ရောက်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့ ဆရာဝန်တွေ သတိပေး

မော်လမြိုင် ၊ ဒီဇင်ဘာ (၄) ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ဟာ မြန်မာနိုင်ငံကို တစ်လအတွင်း ရောက်နိုင်တဲ့အတွက်ကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအတွက် အဆင့်သင့်ပြင်ထားဖို့ လိုအပ်နေပြီးလို့ ကိုဗစ်အရေးကူညီနေတဲ့ ဆရာဝန်တွေက သတိပေး ပြောဆိုလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ကို မနေ့က အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရောဂါကူးစက်ခံရသူ ၂ ဦး တွေ့ရှိခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက အိန္ဒိယနိုင်ငံမှာ…

ချောင်းဆုံက ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုတွေကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က ဆေးတံ လက်မှုလုပ်ငန်းတွေ ပိတ်သိမ်းထားရတယ်လို့ ဆေးတံလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆေးတံလက်မှု လုပ်ငန်းတွေဟာ ခရီးသည် ဝင်ရောက်မှု နည်းပါးလာတာ၊ ပြည်တွင်း၊ပြည်ပက မှာယူသူ မရှိတော့တဲ့ အတွက်ကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ သစ်သားကို အခြေခံပြီး ဆေးတံ…

KNU ဖာပွန်ခရိုင်ထဲက တပ်စခန်း (၁၁)ခုကို စစ်ကောင်စီ စွန့်ခွာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ တပ်စခန်း ၁၁ ခုကို တပ်က စွန့်ခွာသွားကြတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူအပြုကွန်ယက် (KPSN)က ထုတ်ပြန်ပါတယ်။ စစ်တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပြောက်ကျားတိုက်ခိုက်မှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် စွန့်ခွာထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

မွန်မှာ ဖော်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ ခရီးသွားလုပ်ငန်း အောင်မြင်မှု မရှိ

မော်လမြိုင် ၊ ဒီဇင်ဘာ (၃) မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် တည်ငြိမ်မှုကို ပြသခြင်းတဲ့အတွက်ကြောင့် ကျိုက်ထီးရိုးဘုရား၊ စက်စဲကမ်းခြေ အပါအဝင် ခရီးသွားဝင်ရောက်နေတဲ့ နေရာတွေကို မရမက ပြန်လည် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက မျှော်လင့်ထားသလို မဖြစ်ဘဲ ခရီးသည်ဝင်ရောက် မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင်…

တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန် ကူးစက်သူ ၅ ဦးအထိရှိလာ၊ ခရီးသွားများအားလုံး ကွာရန်တင်း ၁၀ ရက် နေထိုင်ရန် လိုအပ်ဟု အမိန့် ထုတ်ပြန်

ဆိုလ်း၊ ဒီဇင်ဘာ ၂ တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန်ကိုဗစ်-၁၉ ဗိုင်းရပ်စ် လူ (၅)ဦးထံကူးစက်ခဲ့သည်ဟု ဒီဇင်ဘာလ ၁ ရက်နေ့၌ အာဏာပိုင်များမှ ထုတ်ပြန်လာခဲ့ပြီး ပထမဦးဆုံးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဥ် ၅၀၀၀ ဦးနှင့်အထက်ရှိကာ ကူးစက်ခံရသော လူနာများတွင် ပြင်းထန်သောလက္ခဏာများ သိသိသာသာ မြင့်တက်လာနေခြင်းအတွက် အထူးစိုးရိမ်ပူပန်နေကြောင်း ထုတ်ပြန်ပါသည်။ လွန်ခဲ့သော ရက်သတ္တပတ်တွင် နိုင်ဂျီးရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကာကွယ်ဆေး အပြည့်…