တရုတ်မဝယ်လို့ ပြည်ပဈေးကွက်ပျောက်မယ့် အခြေအနေ ဖရဲစိုက်တောင်သူတွေ ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၇) တရုတ်နိုင်ငံက ဖရဲသီး မဝယ်သေးတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် ဖရဲသီးတွေဟာ ပြည်ပဈေးကွက်ပျောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖရဲစိုက်တောင်သူတွေက ပြောပါတယ်။ မွန်ပြည်နယ်ဟာ ထွက်ရှိနေတဲ့ ဖရဲသီးကို တရုတ်ဈေးကွက်အား အဓိက တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းတချို့ကို ပြန်လည် ဖွင့်လှစ်လိုက်ပေမယ့် ဖရဲသီးမဝယ်သေးလို့ အခက်ကြုံနေတာ ဖြစ်ပါတယ်။ တရုတ်က…

ထားဝယ်မှာ အရပ်သားတွေကို ဖမ်းဆီးပြီး ငွေကျပ် သိန်း(၂၀)ကျော်ပေးမှ ပြန်လွှတ်ပေးနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၇) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းက အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်ဆီးပြီး ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထားဝယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ၊ လူငယ်တွေနဲ့ဒေသခံပြည်သူတွေကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်တာ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဆက်သွယ်တာနဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ဖမ်းဆီးနေတာ ဖြစ်ပါတယ်။…

ထိုင်းကိုဗစ်ထိန်းချုပ်ရေးဗဟိုစင်တာမှ နယ်စပ်ပြန်လည်ဖွင့်လှစ်ရေးကို စဥ်းစားမည်

ဘန်ကောက်၊ ဒီဇင်ဘာ ၆ ထိုင်းနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေးဗဟိုစင်တာ (CCSA) မှ တောင်ပိုင်းဒေသ ကိုဗစ် ၁၉ အခြေအနေ များနှင့်စပ်လျဥ်းသည့် အမိန့်ညွှန်ကြားချက်အရ ‌တောင်ပိုင်းဒေသ ပါလီမန်အမတ်များ အဆိုပြု ထားသည့် ထိုင်း-မလေးနယ်စပ်ပြန်လည်ဖွင့်လှစ်ရေးကို ယခုသီတင်းပတ်အတွင်း စဥ်းစားသွား မည်ဟု သိရှိရသည်။ CCSA ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က CCSA အနေဖြင့်…

ထိုင်းတော်ဝင်မင်းသမီး သီရိဒုံမှ UNFAO သို့ မြေဆီလွှာစမ်းသပ်ကိရိယာ အရေအတွက် ၁၀၀၀ ကို လှူဒါန်း

ဘန်ကောက်၊ ဒီဇင်ဘာ ၆ ထိုင်းစိုက်ပျိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးဌာန၏ ပြောကြားချက်အရ ထိုင်းတောင်ဝင် မင်းသမီး မဟာချက်ကရီသီရိဒုံသည် မြေဆီလွှာဆားဓါတ်လွန်ကဲမှုကို ကာကွယ်ရန်နှင့် ဒေသတွင်း ထုတ်လုပ် နိုင်စွမ်းကို မြှင့်တင်နိုင်ရန် ‌‌‌မြေဆီလွှာစမ်းသပ်ကိရိယာ အစုံ ၁၀၀၀ ကို ကုလသမဂ္ဂအစားအသောက်နှင့် စိုက် ပျိုးရေးအသင်း (FAO) သို့ ပံ့ပိုးပေးခဲ့ပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ မြေဆီလွှာနေ့ဖြစ်သော ဒီဇင်ဘာလ ၅…

ဘန်ကောက်တွင် အွန်လိုင်းဂိမ်းလုပ်ကိုင်သူ (၅)ဦး ဖမ်းဆီးခံရ

ဘန်ကောက်၊ ဒီဇင်ဘာ ၅ ဘန်ကောက်၊ ဘန်ခမ်းခရိုင်က ကွန်ဒိုတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် အွန်လိုင်းဂိမ်းလုပ်ငန်း လုပ်ကိုင်သူ (၅)ဦးကို ဖမ်းဆီးရခဲ့ကြောင်း စနေနေ့ညနေပိုင်းက ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘန်ခမ်က ခရိုင်ခွဲတစ်ခုဖြစ်တဲ့ အနုဆာဝါရီရဲ့ ရမ်အင်ထရာလမ်းပေါ်မှာရှိတဲ့ ပရီမီယိုဖရီစကို ကွန်ဒို တိုက်ခန်းတခုအတွင်း အွန်လိုင်းဂိမ်းကို စီမံနေတဲ့သူတွေကို ဖမ်းဆီးရခဲ့တယ်လို့ ရဲက သတင်းထောက် တွေကို ပြောပါတယ်။ စီးနင်းမှုအတွင်း…

အခြေခံလူတန်းစားတွေ ဖုန်းသုံးစွဲဖို့ အခက်တွေ့လာနိုင်

မော်လမြိုင် ၊ ဒီဇင်ဘာ (၅) ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်း မြင့်တက်သွားရင် တစ်နေ့လုပ် တစ်နေ့စား အခြေခံ လူတန်းစားတွေ အနေနဲ့ မိုဘိုင်းဖုန်း သုံးစွဲ ဖို့ပင် အခက်အခဲ ရှိလာနိုင်တယ်လို့ အခြေခံလူတန်းစားတွေက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖုန်းခေါ်ဆိုခနဲ့ အင်တာနက် ဒေတာ ဈေးနှုန်းတွေ ပြောင်းလဲ…

ရဲတပ်ဖွဲ့ဝင်တွေနှင့် အကျဥ်းထောင်ဝန်ထမ်းတွေက လာဘ်စားမှုတွေကို ကျူးလွန်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၅) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့နဲ့ အကျဉ်းထောင်တွေမှာ လာဘ်စားမှုတွေကို ပြောင်ပြောင်ထင်ထင် ကျူးလွန်းလာတာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေထဲမှာတော့ လာဘ်စားမှုကို အောက်ခြေဝန်ထမ်းကနေ ထောင်ပိုင်အဆင့်ထိ ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဘက်မှ ရဲတပ်သားကနေ ရဲမှူးကြီးအဆင့်ထိ လာဘ်စားလာခဲ့တယ်လို့ ကြုံတွေ့ခဲ့သူတွေက ပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာတော့ အကျဉ်းသား၊အချုပ်သားတွေဆီကနေ နည်းမျိုးစုံနဲ့ ငွေကြေးတွေ…

တရုတ်နိုင်ငံမှ တည်‌ဆောက်ပေးသည့် ရထားလိုင်းသစ် လာအိုနိုင်ငံတွင် ဖွင့်လှစ်

ဗီယန်ကျင်း၊ ဒီဇင်ဘာ ၄ အထီးကျန်ဆန်သောနိုင်ငံတစ်နိုင်ငံ၏ ရုန်းကန်နေရသည့် စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်မည့် မျှော် လင့်ချက်များအစား ကြွေးမြီးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်အတူ အမေရိကန်ဒေါ်လာ ၆ ဘီလီယမ် တန်ဖိုး ရှိပြီး တရုတ်အစိုးရမှ တည်ဆောက်ပေးသော ရထားလမ်းသစ် ကို ဒီဇင်ဘာလ ၃ ရက်နေ့ သောကြာနေ့ က လာအိုအစိုးရမှ ဖွင့်လှစ်ခဲ့သည်။ ဒေါ်လာထွီလီယမ်ခန့် အသုံးပြုထားသော တရုတ်နိုင်ငံ၏…