တရုတ်နှင့်ဆက်ဆံရေးကြောင့် အမေရိကန်ပြည်ထောင်စုမှ ကမ္ဘောဒီးယားနိုင်ငံအပေါ် လက်နက်ရောင်း ချမှု ပိတ်ပင်

ဖနွမ်ပင်၊ ဒီဇင်ဘာ ၉ မြန်မာ့စစ်တပ်အုပ်ချုပ်ရေးကို အဆက်မပြတ်ဖိအားပေးနိုင်ရန် တိုက်တွန်းဖို့ အမေရိကန်ပြည်ထောင်စု ၏ အဆင့်မြင့်အစိုးရအရာရှိတစ်ဦးအား အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံသို့ စေလွှတ်သည့်နေ့ မတိုင်ခင်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယားနိုင်ငံအား တရုတ်နှင့်ဆက်စပ်ပတ်သက်မှု၊ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်ပါသည်။ အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဌာနသည် ဒေသတွင်းလုံခြုံရေးကို အနှောက်အယှက် ပေးသည့်အပြင် ခြိမ်းခြောက်မှုများကိုပါဖြစ်စေသည့် တရုတ်စစ်တပ်၏ လွှမ်းမိုးမှုကို နက်ရှိုင်းစွာ တုံ့ပြန်ရန် ကမ္ဘောဒီးယား နိုင်ငံအတွင်း…

ဖာပွန်မှာ KNLA နှင့် PDF တို့ပူပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်

မော်လမြိုင် ၊ ဒီဇင်ဘာ (၉) ဖာပွန်ခရိုင်ထဲက တိုက်ပွဲတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပူးပေါင်း တိုက်ခိုက်နေပြီးလို့ KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။ ဖာပွန်ခရိုင်ထဲကို နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ကာလတွေတုန်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA သာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကစပြီး နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို…

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကို ဓာတ်ပုံရိုက်လို့ ထောင်ဒဏ် ၁နှစ် နှင့် ၃လ အမိန့်ချ

မော်လမြိုင် ၊ ဒီဇင်ဘာ (၉) မွေခွံအိတ်ထဲ ထုတ်ပိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းဓာတ်ပုံကို ရိုက်ကူးဖြန့်ဝေခဲ့တယ်ဆိုပြီး သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်း အဖွဲ့ဝင် ဦးကျော်ဝင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်နဲ့ ၃ လ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က KNU ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်မှာ…

သံဖြူဇရပ်က ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေကို စစ်ကောင်စီ ပြန်တူးနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၉) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာရှိ မိန်ဘလာတောင်က ဂျပန်ခေတ် လက်ကျန် ရတနာ ပစ္စည်းတွေကို စစ်ကောင်စီက ပြန်လည် တူးဖော်နေပြီးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး ဥတ္တရမြေ ကုမ္ပဏီကို တူးဖော်ခွင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက မိုးတွင်းကာလဖြစ်တာကြောင့်…

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံသို့ ကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်မည်

ဂျာကတာ၊ ဒီဇင်ဘာ ၈ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် လာမည့် သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လာရောက်ရန်ရှိပြီး တရုတ်လွှမ်းမိုးမှုကို ကြီးစွာခံနေရသည့် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်းနှင့် ဂျိုးဘိုင်ဒန်အုပ်ချုပ်ရေးအကြား စေ့စပ်မှုကို အရှိန်အဟုန် မြှင့်တင်ရန်အတွက်ဖြစ်သည်ဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန်နှင့် ဥရောပရေးရာ အထွေထွေဒါရိုက်တာI Gede Ngurah Swajaya သည် (ဒီဇင်ဘာ…

ရာသီဥတုအအေးဒဏ်ကြောင့် စစ်ရှောင်တွေအတွက် အနွေးထည်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) တိုက်ပွဲတွေကြောင့် တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖာပွန်ခရိုင်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ အခုဆောင်းရာသီကာလမှာ ရာသီဥတုအအေးဒဏ်ကြောင့် အနွေးထည်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၈၀၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အမိုးအကာမလုံတဲ့အတွက်ကြောင့် ရာသီဥတု အအေးဒဏ်ကို…

သထုံမှာ ဗုံးပေါက်ကွဲမှု (၅)ကြိမ်ထက်မနည်း ဆက်တိုက်ဖြစ်

သထုံ၊ ဒီဇင်ဘာ ၈ သထုံမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်တွေမှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နေရာတွေကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ဆက်တိုက် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်လ ၈ ရက်နေ့ မနက် ၉ နာရီခန့်က နန်းခဲရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ရုံးအုတ်စည်းရိုးနားမှာ ဗုံးဖောက်ခွဲခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ…

မွန်က မွေးမြူရေးလုပ်ငန်းတွေ အပြီးပိုင်ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်းတွေဟာ အပြီးပိုင်ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံခြားက တင်သွင်းနေရတဲ့ သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ မွေးမြူရေးအစာနဲ့ ဆေးဝါးဈေးနှုန်း ၂ ဆနီးပါးမြင့်တက်လာတာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်နေတဲ့…

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိ

ဖနွမ်ပင်၊ ဒီဇင်ဘာ ၇ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံပုန်ကန်ရေးလှုံ့ဆော်မှုနှင့် ကိုဗစ် ၁၉ ဥပဒေကို ချိုးဖောက်မှုအတွက် ထောင် ဒဏ်အမိန့်ချမှတ်ခဲ့သော မြန်မာစစ်အစိုးရသည် တစ်ကမ္ဘာလုံးထံမှ ပြစ်တင်ရှုတ်ချမှုကို လက်ခံရရှိပြီး နောက်တနေ့တွင် မြန်မာစစ်တပ်မှခန့်အပ်တာဝန်ပေးသည့် နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်သည် အင်္ဂါ နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိလာပြီး တွေဆုံဆွေးနွေးမှုတစ်ရပ်ကို ကျင်းပခဲ့သည်ဟု သိရသည်။ ဝဏ္ဏမောင်လွင်သည် ဖနွမ်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ၌…