ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန် လွှတ်တော်ကိုယ်စားလှယ်များ ဟောပြော
ကျိုက်ထို၊ မေ ၂၈ သတင်း – မင်းဥဒါန်း ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဈေးကြီးရှေ့တွင် မေလ(၂၈)ရက်နေ့က ကျင်းပပြုလုပ်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာကြရန် အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။